ဇနီးဟောင်းကြောင့် အမှုရင်ဆိုင်နေရတဲ့ ဂျွန်နီဒက်ကို အသားနာကျင်အောင် လုပ်တတ်တဲ့လူမျိုးမဟုတ်ဘူးလို့ ရည်စားဟောင်း ပြော

20-3-2020-yyl-015.jpg

မင်းသားကြီးဂျွန်နီဒက်က ဇနီးဟောင်း အမ်ဘာဟက်ဒ် (Amber Heard) ကို လက်မထပ်ခင်က ဇနီးနဲ့ ရည်စားတွေအများကြီး ရှိခဲ့တယ်ဆိုတာ ပရိသတ်တွေသိကြမှာပါ။ ဂျွန်နီဒက်က ဇနီးဟောင်း အမ်ဘာဟက်ဒ်ကို ရိုက်နှိက်မှုကြောင့် အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အခုလို အမှုရင်ဆိုင်နေရတဲ့ ဂျွန်နီဒက်ကို သူ့ရဲ့ဇနီးဟောင်း ဗန်နက်ဆာ ပါရာဒစ် (Vanessa Paradis)ဟာ တရားရုံးမှာ သူ့ဘက်ကနေ အမှုလိုက်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကို လူသိရှင်ကြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂျွန်နီဒက်နဲ့ (၁၄) နှစ်လက်တွဲခဲ့ပြီး ကလေး (၂) ယောက်ရခဲ့တဲ့ ဗန်နက်ဆာက အမ်ဘာဟက်ဒ်ရဲ့ စွပ်စွဲချက်တွေက မှားယွင်းတယ်လို့ ဆိုထားပါတယ်။ အဲဒါတင်မကသေးပါဘူး။ သူဟာ လိုအပ်ရင် တရားရုံးလာပြီး သက်သေထွက်ဆိုပေးဖို့ ဆန္ဒရှိတယ်လို့လည်း ပြောခဲ့ပါတယ်။ “ကျွန်မ ဂျွန်နီဒက်ကို (၂၅) နှစ်ကျော်ကျော် သိလာခဲ့တာပါ။ ကျွန်မတို့ (၁၄) နှစ်လောက် လက်တွဲခဲ့ဖူးပြီး ကလေးနှစ်ယောက်ကို အတူတူပျိုးထောင်ခဲ့ပါတယ်။ ကျွန်မ သူ့ကို သိခဲ့တဲ့ နှစ်တွေမှာ ကြင်နာတတ်တဲ့၊ တာဝန်ကျေတဲ့၊ ရက်ရောတဲ့၊ နာကျင်အောင်မလုပ်တတ်တဲ့ လူတစ်ယောက်၊ ဖခင်တစ်ယောက်ပါ” လို့ ဗန်နက်ဆာက ပြောပါတယ်။

ဗန်နက်ဆာက ဂျွန်နီဒက်ရဲ့အကျင့်စရိုက်နဲ့ပတ်သက်ပြီး သူ့ရဲ့သူငယ်ချင်းတွေကလည်း သက်သေပြပေးလို့ရပါတယ်။ သူတို့က သူ့ကို ချစ်ခင်ကြသလို ရိုလည်းရိုသေကြပါတယ်။ “သူက လူတိုင်းအပေါ် ထောင်လွှားခြင်းမလိုတဲ့အပြင် ရိုသေတတ်ပါတယ်။ ကျွန်မတို့ မြင်ဖူးတဲ့ အကောင်းဆုံးမင်းသားတွေထဲက တစ်ယောက်ပါပဲ” လို့ ဆိုပါတယ်။

“အခုဆိုရင် အမ်ဘာဟက်ဒ်က ဂျွန်နီဒက်ကို (၄) နှစ်ကျော် စွပ်စွဲပြောဆိုခဲ့တာတွေကို ကျွန်မသိပါတယ်။ ကျွန်မ နှစ်အကြာကြီးသိခဲ့တဲ့ ဂျွန်နီဒက်က အဲလိုမဟုတ်ပါဘူး။ ကျွန်မ သိခဲ့တဲ့ ကာလတစ်လျှောက်မှာ သူက ကျွန်မကို ဘယ်တော့မှာ ရိုက်နှက်ခဲ့ခြင်းမရှိခဲ့ဖူးလို့ ကျွန်မ ပြောနိုင်ပါတယ်” လို့လည်း ဗန်နက်ဆာက သူ့ရည်စားဟောင်းနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

ဂျွန်နီဒက်ရဲ့ နောက်ထပ်ရည်စားဟောင်း ဝီနိုနာ ရိုက်ဒါကလည်း “ရက်စက်ကြမ်းကြုတ်တဲ့ သူတစ်ယောက်ဆိုတဲ့အရာက ကျွန်မသိခဲ့တဲ့ ဂျွန်နီဒက်နဲ့ ဆိုရင် ဟိုအဝေးကြီးမှာပါပဲ”လို့ ဂျွန်နီဒက်ရဲ့အကျင့်စရိုက်နဲ့ပတ်သက်ပြီး အခိုင်အမာထုတ်ပြောခဲ့ပါတယ်။

ဂျွန်နီဒက်က သူ့ရဲ့ဇနီးဟောင်း အမ်ဘာဟက်ဒ်ကို ရိုက်နှက်နှိပ်စက်မှုကြောင့် ၂၀၁၆ခုနှစ်ကတည်းက တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ ဂျွန်နီဒက်က စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး လက်ရှိမှာတော့ တရားရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။

Ref: Johnny Depp’s ex extends support to him amid legal battle with ex-wife

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top