သီရိလင်္ကာနိုင်ငံက ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ အနည်းဆုံး လူ (၁၃၈) ဦးသေဆုံး

58606342_2287935741249665_283442917840781312_n.jpg

သီရိလင်္ကာနိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ (၁၃၈) ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အနည်းဆုံးပေါက်ကွဲမှု ခြောက်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အနည်းဆုံးပေါက်ကွဲမှု ခြောက်ခုဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်

အီစတာပွဲတော်ကျင်းပနေချိန်အတွင်း ကို့ချ်ချီကာဒီ၊ နီဂွန်ဘို၊ ဘက်တီကာလိုအာမြို့တွေမှာရှိတဲ့ ဘုရားကျောင်း (၃) ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် မြို့တော် ကိုလမ်ဘိုမြို့က ရှန်ဂရီလာဟိုတယ်၊ စင်နာမွန်ဂရန်းဟိုတယ်နဲ့ ကင်းစ်ဘူရီဟိုတယ်တွေမှာလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမျှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ကြေညာခြင်းမရှိသေး

သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေဖွယ်ရှိတယ်လို့ သီရိလင်္ကာမီဒီယာတွေက ဖော်ပြပါတယ်။ နီဂွန်ဘိုမြို့က ဘုရားကျောင်းတစ်ခုတည်းမှာပဲ သေဆုံးသူ (၅၀) ကျော်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အခုလို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမျှ သူတို့ရဲ့လက်ချက်လို့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top