အိမ်ခြေရာမဲ့ကိုကူညီခဲ့လို့စေတနာရောင်ပြန်ဟပ်ခဲ့တဲ့ ဘာဂါဆိုင်ကဝန်ထမ်းကောင်လေး

5-1-2021-yyl-13.jpg

Burger King ဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက်ဟာ အိမ်ခြေရာမဲ့အမျိုးသားတစ်ယောက်အတွက် သူ့ကိုယ်ပိုင်ငွေနဲ့ အစားအစာမှာယူပေးပြီး ငွေရှင်းပေးခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုရှိခဲ့ဖူးပါတယ်။ အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦးဟာ စားစရာတစ်ခုခုဝယ်ဖို့အတွက် ၅၀ တန် အကြွေစေ့တစ်စေ့တည်းနဲ့ Burger King ဆိုင်ထဲကို ဝင်လာခဲ့တာပါ။ အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ အဲဒီကောင်လေးက သူ့ငွေနဲ့ပဲ အိမ်ခြေရာမဲ့အမျိုးသားကို Burger King ဆိုင်က အစားအစာကို ဝယ်ကျွေးဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

မက်သရူး ရီဆန့်ဒီဇ် (Matthew Resendez) ဆိုတဲ့ အဲဒီကောင်လေးက ဆန်အန်တိုနီယိုမြို့က Burger King ဆိုင်ရဲ့ငွေရှင်းကောင်တာမှာ အလုပ်လုပ်နေရင်း အိမ်ခြေရာမဲ့အမျိုးသားတစ်ယောက်က အစားအစာမှာယူတဲ့နေရာမှာ တန်းစီမတ်တပ်ရပ်ပြီး သူ တတ်နိုင်တဲ့အစားအစာမရှိဘူးလားလို့ မေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မက်သရူးက သူ့ပိုက်ဆံနဲ့ အဲဒီအမျိုးသားအတွက် အစားအစာမှာယူပေးခဲ့တာပါ။ အဲဒီဖြစ်ရပ်ကို ဆိုင်မှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်က မြင်တွေ့သွားခဲ့တဲ့အခါမှာတော့ မက်သရူးရဲ့ငွေရှင်းကောင်တာဆီလာပြီး အစားအစာမှာယူခဲ့ပါတယ်။ မက်သရူးလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်ကြောင့် အဲဒီအမျိုးသမီးက သူ့အတွက် ဒေါ်လာ ၁၀၀ ဘောက်ဆူးချန်ထားပေးခဲ့ပါတယ်။

ဒီအကြောင်းကို မက်သရူးရဲ့မိခင် မီချယ်လ် ရီဆန့်ဒီဇ်က အွန်လိုင်းပေါ်မှာ ရေးသားခဲ့တာပါ။ မီချယ်လ်က အဖြစ်အပျက်တစ်ခုလုံးကို သေချာရေးပြထားတဲ့အပြင် သူ့မိခင်ဖြစ်ရတဲ့အတွက်ဂုဏ်ယူကြောင်း၊ အခုလို ကြင်နာတတ်တဲ့သူ့သားအကြောင်း ထုတ်ပြောခွင့်ရလို့ ဂုဏ်ယူကြောင်းလည်း ဆိုထားပါတယ်။ မက်သရူးက အဲဒီအမျိုးသားပါလာတဲ့ ပိုက်ဆံက ဆိုင်ကနေ ဘာမှမရနိုင်တာသိပေမဲ့ သူ့ကို ဘာမှာမလဲလို့မေးပြီး အစားအစာမှာပေးခဲ့တာပါ။ ဘာမှာမလဲမေးတုန်းကလည်း အဲဒီအမျိုးသားက ဘယ်ဟာပဲဖြစ်ဖြစ် သူ့ရဲ့ဆာလောင်မွတ်သိပ်မှုကို သက်သာစေနိုင်တယ်လို့ ပြောခဲ့ကြောင်းလည်း မီချယ်လ်က ဆိုပါတယ်။

လူမှုကွန်ယက်အသုံးပြုသူထောင်ချီကလည်း အိမ်ခြေရာမဲ့အမျိုးသားအတွက် သူ့ကိုယ်ပိုင်ငွေနဲ့ အစားအစာမှာပေးခဲ့တဲ့ မက်သရူးရဲ့ရက်ရောတဲ့လုပ်ရပ်ကို အရမ်းလေးစားကြောင်းလည်း ရေးသားမျှဝေထားကြပါတယ်။

Ref: UnderstandingCompassion “Kind Cashier Used His Own Card To Pay For Homeless Man’s Meal; Next Customer Tipped $100”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top