ရန်ကုန် – မန္တလေးရထားခရီးစဉ်ကို ၈ နာရီသာ ကြာမြင့်စေမယ့် ရထားတွဲသစ်များကို မစ်ဆူဘီရှီက ထုတ်လုပ်ပံ့ပိုးမယ်

8-12-2020-yyl-035.jpg

ရထားတွဲသစ်များ ပံ့ပိုးပေးဖို့အတွက် မစ်ဆူဘီရှီကော်ပိုရေးရှင်း (Mitsubishi Corp) က မြန်မာ့မီးရထားနဲ့ စာချုပ် ၂ ခု ချုပ်ဆိုလိုက်ပါတယ်။ စီမံကိန်း ၂ ခုရဲ့ စုစုပေါင်းကုန်ကျစရိတ်ကတော့ ယန်း ၆၉ ဘီလျံ ( အမေရိကန်ဒေါ်လာ ၆၆၃ သန်း) ရှိပြီး အစိုးရအဖွဲ့ ၂ ရပ်ကြား ချေးငွေသဘောတူညီချက်ကတစ်ဆင့် ပေးချေသွားမှာဖြစ်ပါတယ်။ ဒါဟာ ဂျပန်အစိုးရရဲ့ ရထားလမ်း အခြေခံအဆောက်အအုံတင်ပို့မှု မြင့်တက်ရေး စီမံကိန်းတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
မစ်ဆူဘီရှီကော်ပိုရေးရှင်းက ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ရထားတွဲ ၆၆ တွဲ၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့တွေကို ဆက်သွယ်ပေးထားတဲ့ ရန်ကုန်-မန္တလေး ရထားလမ်းအတွက် ရထားတွဲ ၁၈၀ ထုတ်လုပ်ပေးပို့မှာပါ။

ရထားတွဲသစ်တွေကြောင့် ၄၆ ကီလိုမီတာရှည်လျားတဲ့ ရန်ကုန်မြို့ပတ် ရထားလမ်းခရီးစဉ်ရဲ့ ကြာချိန်ကို မိနစ် ၁၇၀ ကနေ မိနစ် ၁၁၀ အထိ လျှော့ချပေးနိုင်မှာပါ။ ကီလိုမီတာ ၆၂၀ ရှည်လျားတဲ့ ရန်ကုန်-မန္တလေးရထားလမ်းခရီးစဉ်ရဲ့ ကြာချိန်ကို ၁၅ နာရီကနေ ၈ နာရီအထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ စပိန်နိုင်ငံရဲ့ ရထားတွဲထုတ်လုပ်ရေး ထိပ်တန်းကုမ္ပဏီဖြစ်တဲ့ Construcciones y Auxiliar de Ferrocarriles (CAF) က လျှပ်စစ်စနစ်တွေအတွက် ဂျပန်နိုင်ငံရဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုပြီး ရထားတွဲတွေကို ထုတ်လုပ်မှာပါ။ ရထားတွဲသစ် ၂၄၆ တွဲကို ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ကြားကာလအတွင်း ပေးပို့သွားမှာပါ။

Ref: Nikkei Asia ” Mitsubishi Corp. wins $663m train car contract in Myanmar “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top