Animation ထွက်ရှိပြီး (၂၅) နှစ်အကြာမှာ Live Action အဖြစ်နဲ့ ကြည့်ရတော့မယ့် “The Lion King”

maxresdefault-2.jpg

စာရေးသူတို့ငယ်စဉ်က ကြိုက်နှစ်သက်ခဲ့ရတဲ့ ”The Lion King” ပြန်လာပါပြီ။ အန်နီးမေးရှင်းကာတွန်းကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားနမူနာကို နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ဝေါ့ ဒစ္စနေ (Walt Disney) က ယူ ကျူဘ့် (Youtube) ကတစ်ဆင့် ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီ trailer ထဲမှာ ပါရှိတဲ့ ဇာတ်ဝင်ခန်းတွေဟာ ၁၉၉၄ ခုနှစ်ထုတ် “The Lion King” အန်နီမေးရှင်းကာတွန်းကားထဲက နာမည်ကြီးဇာတ်ဝင်ခန်းအများစု ပြန်လည်ပါဝင်လာတာကြောင့် ကမ္ဘာတစ်ဝန်းလုံးက ဒစ္စနေးပရိသတ်တွေအကြားမှာ ဒီသတင်းဟာ အုတ်အော်သောင်းနင်း ဖြစ်နေခဲ့တာပါ။

ဒီရုပ်ရှင်ဇာတ်ကားကို “The Junlge Book 2016” ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဂျွန် ဖဲဘရူး (Jon Favreau) က ရိုက်ကူးထားတာဖြစ်ပြီး “Simba” အဖြစ် ဟောလိဝုဒ်မင်းသား ဒေါ်နယ် ဂလိုဗာ(Donald Glover)၊ “Nala” အဖြစ် ဘီယွန်းစေး(Beyonce) အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်၊ အဆိုတော်တွေပါဝင်ပါတယ်။ ဇာတ်ကောင်အများစုအတွက် အသံသရုပ်ဆောင်အသစ်တွေကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပေမဲ့ Mufasa (Simba ရဲ့အဖေဖြစ်သူ) နေရာမှာတော့ 1994 အန်နီးမေးရှင်း ကားမှာ အသံသရုပ်ဆောင်ပေးခဲ့တဲ့ ဂျိမ်းစ်အယ်ဂျူန်း (James Earl Jones) ကပဲ ပြန်လည်သရုပ်ဆောင်ပေးထားပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၉ ဇူလိုင် ၁၉ မှာ ထွက်ရှိမှာဖြစ်တယ်လို့သိရပါတယ်။

“The Lion King” trailer အတွက် လင့်ခ် – https://www.youtube.com/watch?v=4CbLXeGSDxg

Ref: Mail online “The Lion King trailer is here!”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top