အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၅-၁၁-၂၀၁၈ မှ ၁-၁၂-၂၀၁၈ ရက်နေ့အထိ)

Bay-Din-4-Week-5-November.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၂၅-၁၁-၂၀၁၈ မှ ၁-၁၂-၂၀၁၈ ရက်နေ့အထိ) ရက်နေ့အထိ ခုနစ်ရက်စာ တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်တွင် စိတ်ပျော်ရွှင်မှု၊ စိတ်လန်းဆန်းမှုများ မုချဖြစ်လာပါလိမ့်မည်။ လွတ်လပ်ပျော်ရွှင်သောခရီးလမ်းတစ်ခု သွားဖြစ်မည်။ စီးပွားရေးလုပ်ငန်းများ အတော်အသင့်ကောင်းလာပြီဖြစ်သည်။ ကျမ်းမာရေးအတွက် ခါးနာတတ်သည်၊ သတိထားပါ။ အချစ်ရေးတွင် ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်လိမ့်မည်။ အစုရှယ်ယာလုပ်နေသူများအဖို့တော့ အထင်မြင်လွဲစရာတစ်ခု နှင့် ပြစ်တင်ခံရမှုတစ်ခုတော့ကြုံတွေ့ရမည်။ မိဘနှင့်အတူနေ အိမ်ထောင်ရှင်များ အိမ်ခွဲရန်အကြောင်းဖြစ်လာမည်။ ပြောင်းရွှေ့မှု နှင့် ပြောင်းလဲမှုတစ်ခု မုချ ဖြစ်လာမည်။ ပညာရေးသမားများ အထူးဂရုစိုက်ပါ။ ငွေချေးလိုက်ပါက ပြန်မရနိုင်တော့ပါ။ ဝန်ထမ်းများ အထက်လူကြီး အပြောင်းအလဲ ကြောင့်အလုပ်များနေမည်။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၈ ယတြာ – တနင်္ဂနွေနေ့တွင် ရဟန်းတစ်ပါးအား ငွေ (၉၀၀) လှူပါ။

တနင်္လာ

ယခုအပတ်တွင် ပျော်ရွှင်စရာများ ဝမ်းသာစရာများနှင့် ကြုံတွေ့ရမည်။ ဘာသာရေးနှင့်ဆိုင်သောခရီးများ သွားနေရမည်။ စီးပွားရေးလုပ်ငန်းတွင် မိမိအားယုံကြည်မှုမရှိသော ရှယ်ယာရှင်နှင့် တွေ့လိမ့်မည်။ ရည်ရွယ်တာတစ်မျိုး လုပ်နေတာကတစ်မျိုး ဖြစ်နေရတတ်သည်။ ကျန်းမာရေးကတော့ အစာအိမ်ရောဂါ ဖြစ်တတ်သည်။ သူများ၏ ငွေကိစ္စအာမခံပါက ထိုကိစ္စအတွက် အလုပ် ရှုပ်နေမည်။ ကား၊ စက်ပစ္စည်းတစ်ခုအတွက် ရင်မောရတတ်သည်။ ထီစပ်တူထိုးပါ။ ပေါက်ပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့် အဆင်မပြေဖြစ်နေလိမ့်မည်။ အိမ်ထောင်သည်များ ရန်ရှိသည်။ ဝန်ထမ်းများ သင်တန်းတစ်ခုတက်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၈ ယတြာ – ငါးအရှင်(သို့) ငှက်အရှင် လွှတ်ပါ။

အင်္ဂါ

ယခုအပတ်တွင် အတိုက်အခံ ကြားမှ ထူးထူးခြားခြား အောင်မြင်ခြင်းများရမည်။လုပ်ငန်းကိစ္စရပ်များတွင် အစိုးရပိုင်းနှင့် ညှိနှိုင်းမရသောကိစ္စ ပြေလည်မှုရမည်။ လုပ်ငန်းသစ်၊ ပညာသစ် ကြုံလာတော့မည်။ အောင်မြင်မှုတွေလည်း ဆက်တိုက်ရပါမည်။ စွန့်စားမှု နှင့် စူးစမ်းမှုများကြောင့် ဂုဏ်ပြုခံရမည်။ အောင်မြင်မှုရမည်။ ဘဏ်ချေးငွေရမည်။ အချစ်ရေးတွင် တိတ်တိတ်ပုန်း အချစ်တစ်ခုက ရုတ်တရက် ထင်ပေါ်ကျော်ကြားလာလိမ့်မည်။ လျို့ဝှက်ချက် နှင့် လူမသိစေရန် ဖုံးကွယ်ထားတာခြင်းများ ပေါ်ပေါက်လာတတ်၍ အထူးဂရုစိုက်ပါ။ စက်ပစ္စည်း ယာဉ်၊ မြေ ပြောင်းလဲမှု ရောင်းဝယ်မှု တွေဖြစ်လာမည်။ အိမ်ထောင်သည်များ အဆင်ပြေမည်။ ဝန်ထမ်းများ အဆင်ပြေသောကာလဖြစ်မည်။

အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၉ ယတြာ – အင်္ဂါနေ့နံနက်တွင် ဆွမ်းလောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်တွင် လှုပ်ရှားမှု၊ သွားလာမှု ပြောင်းလဲမှု တိုးတက်မှု များရှိမည်။ ငွေဝင်နည်းပြီး ငွေထွက် ကြမ်းမည်။ ငွေစုလို့မရပါ။ စကားပြောအထူးဆင်ခြင်ပါ။ ယခုအပတ်တွင် ဒေါသကြီးနေတတ်ပြီး ထိုဒေသကြောင့် လုပ်ငန်းနှောင့်နှေးတတ်သည်။ အကြီးအကဲ၏ မြှောက်စားခြင်း ခံရမည်။ ကျန်းမာရေး ကောင်းမည်။ စက် ပစ္စည်း ထွက်မည်။ ကတိမတည်၊ သစ္စာမရှိသော သူတစ်ချို့ နှင့် တွေ့ ပြီးအလိမ်ခံရတတ်သည်။ သူတပါးအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါသည်။ အချစ်ရေးတွင် အချစ်သစ်တွေ့တတ်သည်။ အိမ်ထောင်ရေးကောင်းပါသည်။ ဝန်ထမ်းများ အလုပ်ပိနေတတ်သည်။

ရာဟု။ ။ရာဟုသားသမီးများ ယခုအပါတ်အတွင်း ဘာသာရေးခရီးများမည်။ ကျန်းမာရေးအတွက် ရေကိုရှောင်ပါ။ မကျန်းမာသော မိခင် ဖခင်တို့အတွက် စိတ်ပူရတတ်သည်။ စကားပြောဆင်ခြင်ခြင်းဖြင့် အရာရာအောင်မြင်ပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၇ ၊ ၉ ယတြာ – ဗုဒ္ဓဟူးနေ့နံနက်တွင် ခွေး၊ကြောင်များအား ကုသိုလ်ပြုပါ။

ကြာသပတေး

ယခုအပတ်တွင် မသေချာမရေရာသော လုပ်ငန်းများမှ ပီပြင် တိကျမှုရှိသောလုပ်ငန်းများသို့ ပြောင်းလဲခြင်းကို တွေ့ရမည်။ မိမိကိုယ်တိုင် လွတ်လပ်စွာ လုပ်ကိုင်မှုဖြင့် အောင်မြင်မှု ရလိမ့်မည်။ တံဆိပ်သစ်၊လုပ်ငန်းသစ်၊ နေရာသစ်တို့တွင် လုပ်ငန်းဖြစ်မည်။လုပ်ငန်းအတွက် နိုင်ငံခြားခရီး ယာယီသွားဖြစ်မည်။ မြေယာအရှုပ်အရှင်းတစ်ခု ဖြေရှင်းရမည်။ ထီပေါက်ခြင်း၊ အမွေရခြင်း၊ မြေရောင်းခြင်းတို့ တစ်ခုခု ကြောင့် ငွေစုလိုက် ပြုံလိုက် ဝင်လာမည်။ ချစ်သူရှိသူများ အမြန်ဆုံးလက်ထပ်ရတော့မည်။ အိမ်ထောင်ရှင်များ သံသယများနေတတ်သည်။ မျက်လုံးဝေဒနာဖြစ်တတ်သည်၊ ဂရုစိုက်ပါ။ ဝန်ထမ်းများ နေရာအပြောင်းအရွေ့ရှိပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၈ ယတြာ – နွမ်းပါးသူကို အဝတ်အထည်များ လှူဒါန်းလိုက်ပါ။

သောကြာ

ယခုအပတ်တွင် မိမိလုပ်ကိုင်ရသော အလုပ်တွင် တဇွတ်ထိုး တယူသန် စိတ်ထားရှိသောဝန်ထမ်းများကြောင့် မထင်မှတ်သောပြဿနာများဖြေရှင်းရလိမ့်မည်။ အစုအဖွဲ လုပ်ဆောင်မှုများ အထူးဆင်ခြင်ပါ။ သင်သည် အစိုးရ၏ လျို့ဝှက်စွာလုပ်ဆောင်သွားလာမှုနှင့်ဆိုင်သော အလုပ်ကိုလုပ်ဆောင်ရပါက အထူးသတိထားပါ။ သင့်ရဲ့ စိတ်ကိုထိန်းပါ။ မစဉ်းစားဘဲ လုပ်ဆောင်ပါက မှားယွင်းမှု နှင့် လွဲချော်မှု ဖြစ်တတ်ပါသည်။ လက်ရှိအလုပ်မှ ရုန်းထွက်ချင်နေသည်။ ချစ်သူများ ရုတ်တရက် အိမ်ထောင်ကျမည်။ စက်ပစ္စည်း ဝင်ခြင်း၊ ထွက်ခြင်းတို့ဖြစ်တတ်တယ်။ ဝန်ထမ်းများ အထက်အလူကြီးနှင့် အဆင်မပြေဖြစ်တတ်သည်၊သတိပြုပါ။

အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၈ ယတြာ – သောကြာနေ့ နံနက်တွင် ရဟန်းတစ်ပါးအား ငွေ(၆၀၀) ကျပ်လှူပါ။

စနေ

ယခုအပတ်တွင် ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည် ဖော်ဖြစ်မည်။ လုပ်ငန်းအတွက် ရည်ရွယ်ထားသောစိတ်ကူးအောင်မြင်မည်။ ရည်ရွယ်ချက်တူသူနှင့် စပ်တူစီးပွားရေးထူထောင် ဖြစ်လာမည်။ မိတ်ဆွေ အပေါင်းအသင်းတို့၏အကူအညီ ရမည်။ စုပေါင်း စပ်ပေါင်း အလုပ်များ လုပ်ရမည်။ အချစ်ရေးတွင် ညံ့သဖြင့် ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အိမ်ထောင်သည်တို့အဆင်ပြေမည်။ စားသောက်ဆိုင်ဖွင့်ထားသူများ ဝင်ငွေကောင်းလာမည်။ ယာဉ်အပြောင်းအလဲ ဖြစ်မည်။ မျက်လုံးရောဂါသတိပြုပါ။ ထီထိုးပါ ထီပေါက်နိုင်သည်။ ဝန်ထမ်းများ မိမိထက် တစ်ဆင့်ငယ်သောသူကြောင့် စိတ်ညစ်ရလိမ့်မည်။

အကျိုးပေးဂဏန်း – ၇ ၊ ၀ ၊ ၄ ယတြာ – စနေနေ့ နံနက်တွင် ငှက်လွှတ်ပြီး လိုရာဆုတောင်းပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top