ကိုရီးယားစတိုင် ရေညှိထမင်းလိပ် လုပ်စားကြမယ်

2-6-2020-yyl-039.jpg

ကိုရီးယားတွေစားတဲ့ ရေညှိထမင်းလိပ်ကို မြန်မာနိုင်ငံမှာလည်း အလွယ်တကူ လုပ်စားလို့ရတယ်နော်။ ကိုရီးယား အရသာအတိုင်း တစ်ထပ်တည်း တူစေမယ့် ရေညှိထမင်းလိပ်လုပ်နည်းလေးကြည့်ရအောင်….

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ …

ရှမ်းဆန် နို့ဆီဗူးနဲ့ တစ်ခွက်ခွဲ၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ၊ ဟင်းနုနွယ်ရွက် တစ်စည်း၊ မုန်လာဥနီ တစ်ခု၊ ဂဏန်းချောင်း လိုသလောက်၊ ရေညှိရွက် ၄ရွက်

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ ရှမ်းဆန်ကို ထမင်းချက်သလိုမျိုး အရင်ချက်ပါ။

၂။ ရေနွေးပွတ်ပွတ်ဆူထဲကို ဟင်းနုနွယ်အရွက်ကို ထည့်ပြုတ်ပါ။ ပြီးရင် ဟင်းနုနွယ်ရွက်ကို နှမ်းဆီနဲ့ ဆား ထည့်ပြီးနယ်ထားပါ။ ဟင်းနုနွယ်ရွက် (တစ်စီး) ကိုနယ်ဖို့ နှမ်းဆီ (လက်ဖက်ရည်ဇွန်း တစ်ဇွန်း) နဲ့ ဆား (လက်ဖက်ရည်ဇွန်း လေးပုံတစ် ပုံ) လိုပါတယ်။

၃။ မုန့်လာဥနီကို အခွံနွှာပြီး သေးသေးလေး နဲ့ပါးပါးလေး လှီးပေးပါ။ ပြီးရင် ဆီအနည်းငယ်နဲ့ ကြော်ပေးပါ။ ကြော်နေစဉ် ဆားအနည်းငယ် ဖြူးပေးပါ။

၄။ ဂဏန်းချောင်းလေးကို အနေတော် လှီးပြီး ကြော်ပေးပါ။ ထမင်းကျက်ပြီဆိုရင် ပူနေတဲ့ အချိန်မှာပဲ တမင်းကို နှမ်းဆီနဲ့ ဆား တို့နဲ့နယ်ပေးပါ။

၅။ ထမင်းလိပ်ဖို့ အစာတွေ အသင့်ဖြစ်ပြီး ဆိုရင် ရေညှိ ရွက်ကို ယူလိုက်ပါ။ ပြီးရင် ရေညှိရွက်ပေါ်မှာ ထမင်းအနည်းငယ် ဖြန့်ထည့်ပါ။ ပြီးရင် ခုနက ပြုတ်ထား၊ ကြော်ထားတဲ့ အရွက်တွေကို အနည်းငယ်စီ ထည့်ပေးပါ။ ပြီးရင် အစွန်းကနေ လက်ကလေးနဲ့ ဖြည်းဖြည်းချင်းစီ လိပ်လိုက်ပါ။

၆။ နောက်ဆုံး လိပ်ပြီးသား ထမင်းလိပ်ပေါ်ကို နှမ်းဆီ နည်းနည်း သုတ်ပေးပါ။

အရသာရှိပြီး စားကောင်းတဲ့ ရေညှိထမင်းလိပ်လေး သုံးဆောင်နိုင်ပါပြီ။

Ref: Korea Gimbap recipe

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top