ဘောလုံးကွင်းထိုင်ခုံနေရာတွေဖြည့်ဖို့ Sex Doll အရုပ်တွေကို အသုံးပြုခဲ့လို့ တောင်းပန်ခဲ့ရတဲ့ ကိုရီးယားဘောလုံးအသင်း

18-5-2020-yyl-019.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာ ကမ္ဘာ့တစ်ဝှမ်းက ဘောလုံးအသင်းတွေလည်း နဂိုအတိုင်း တဖြည်းဖြည်းချင်းပြန်ဖြစ်နေပါပြီ။ တချို့ဘောလုံးအသင်းတွေဆို အာကစားကွင်းအလွတ်ကြီးထဲမှာ ပြန်ကစားနေကြသလို တချို့ကတော့ လေ့ကျင့်ရေးဆင်းနေကြပါတယ်။ ကိုရီးယားနိုင်ငံက ဘောလုံးအသင်းတစ်သင်းက ပရိသတ်တွေအော်သံတွေရှေ့မှာ ကစားရတဲ့ခံစားချက်ကို ပြန်လည်ဖန်တီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ နည်းလမ်းတစ်ခုကြံဆခဲ့ကြပါတယ်။

FC Seoul ဆိုတဲ့ ဘောလုံးအသင်းက ဖက်ရှင်အရုပ်တွေကို ဘောလုံးအသင်းရဲ့တီရှပ်တွေကို ဝတ်ပေးပြီး ဘောလုံးကွင်းရဲ့ထိုင်ခုံတွေမှာ ထိုင်စေခဲ့ပါတယ်။ ဒါပေမဲ့ လိုင်းပေါ်ကနေ ကြည့်နေတဲ့ မျက်စိလျင်တဲ့ပရိသတ်တွေက ဖက်ရှင်မယ်အရုပ်တွေဟာ အင်္ကျီဆိုင်တွေမှာ မြင်တွေ့နေရတဲ့ အရုပ်တွေနဲ့မတူတဲ့ ခန္ဓာကိုယ်အချိုးအစားရှိတယ်ဆိုတာကို သတိထားမိခဲ့ကြပါတယ်။ ဒါကြောင့် FC Seoul ကို Sex doll အရုပ်တွေ အသုံးပြုခဲ့တာလားဆိုတဲ့ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ ပရိသတ်တစ်ယောက်ကဆိုရင် “ဝိုး…သူတို့လုပ်နေတဲ့အရာကို မသိရလောက်အောင် ဉာဏ်မနည်းကြပါဘူး။ ပုံတွေကို ကြည့်ပါ။ ဘယ်သူမဆို ပြောနိုင်တယ်”လို့ ဆိုပါတယ်။

နောက်တစ်ယောက်ကလည်း “ဒါ ရည်ရွယ်ချက်ရှိရှိလုပ်မှန်းသိသာတယ်။ အသက်အရွယ်မရွေး ဘောလုံးဂိမ်းကို ကြည့်ကြတယ်။ ဘောလုံးပွဲမှာ Sex Doll တွေ ရောင်းဖို့ ကြိုးစားနေတာလား။ မင်းတို့ရဲ့ဂုဏ်သိက္ခာတွေဘယ်ရောက်နေလဲ” လို့ ဝေဖန်ပြောဆိုနေကြပါတယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ဘောလုံးအသင်းက ဒါတွေက သေချာပေါက် Sex Doll အရုပ်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ အသုံးမပြုသင့်ဘူးဆိုတာသိပါတယ်လို့ ပြောပါတယ်။

ဘောလုံးအသင်းက အင်စတာဂရမ်ကနေတဆင့် ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ မေလ (၁၇) ရက်နေ့က ဘောလုံးပွဲအတွင်းမှာ ပွဲကြည့်စင်မှာ ထိုင်ခဲ့တဲ့ ဖက်ရှင်မယ်အရုပ်တွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်တောင်းပန်ပါတယ်။ ဒါပေမဲ့ ဒီဖက်ရှင်မယ်အရုပ်တွေကို လူသားတွေနဲ့တူအောင် ဖန်တီးထားတာဖြစ်ပြီး ထုတ်လုပ်သူ အတည်ပြုပေးထားသလို လိင်ပိုင်းဆိုင်ရာအသုံးပြုဖို့အတွက်ထုတ်လုပ်ထားတာမဟုတ်ဘူးဆိုတာကို ရှင်းလင်းပြောပြချင်ပါတယ်။

ကျွန်တော်တို့ကို Dalcom ကုမ္ပဏီက ပံ့ပိုးကူညီပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအရုပ်တွေက အဝတ်အစားရောင်းတဲ့အခါအသုံးပြုတဲ့အရုပ်တွေပါပဲ။ ကျွန်တော်တို့ အဲဒီအရုပ်တွေက Sex Doll အရုပ်တွေမဟုတ်ဘူးဆိုတာကို (၃) ခါလောက် စစ်ဆေးပြီးသွားပါပြီ။ ကျွန်တော်တို့ ပံ့ပိုးမှုမပေးခင်မှာ Dalcom က ဖက်ရှင်အရုပ်တွေကို Streaming စီမံခန့်ခွဲရေးအေဂျင်စီကနေ ပြန်ရရှိခဲ့တာပါ။ အဲဒီအရုပ်တွေကို Streamer တွေရဲ့နာမည်တွေတောင် ပေးထားပြီးပါပြီ။ ကျွန်တော်တို့ အဲဒီအပိုင်းကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အမှားပါ။ကျွန်တော်တို့ တောင်းပန်ပါတယ်”ဆိုတဲ့ စာသားကို အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

FC Seoul ဘောလုံးအသင်း ပြောသလိုဆိုရင် ဒီအရုပ်တွေက Sex Doll အရုပ်တွေမဟုတ်ပေမဲ့ သာမန်ဖက်ရှင်အရုပ်တွေမဟုတ်တာတော့ သေချာပါတယ်။

Ref: Korean Football Team Apologises For Accidentally Using Sex Doll Mannequins To Fill Stadium

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top