အမျိုးသားတစ်ဦးက ၆ လအတွင်း ဒုတိယအကြိမ် ထီကံထူးခဲ့

5.3.24-yyl-3.jpg

မီချီဂန်ပြည်နယ်က အသက် ၅၉ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဒုတိယအကြိမ် ထီကံထူးခဲ့ပြန်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၆ လကလည်း ထီကံထူးရှင်ဖြစ်ခဲ့တဲ့သူပါ။ သူ ဘယ်သူဆိုတာ လူသိမခံချင်တဲ့ အဲဒီအမျိုးသားက ဒုတိယအကြိမ်အနေနဲ့ Fantasy 5 Double Play ထီဆု ဒေါ်လာ ၁၁၀၀၀၀ ကံထူးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကလည်း အဲဒီထီအမျိုးအစားနဲ့ပဲ ဒေါ်လာ ၁၁၀၀၀၀ ထီဆုကြီးပေါက်ခဲ့တာပါပဲ။

သူဟာ ပေါက်မဲထီကို ပထမအကြိမ် ပေါက်ခဲ့စဉ်က ဝယ်ယူခဲ့တဲ့ BP ဆီဆိုင်ကနေ ဝယ်ယူခဲ့တာပါ။ ပထမအကြိမ် ထီပေါက်စဉ်က ဆုငွေတွေကို အကြွေးဆပ်ဖို့ အသုံးပြုခဲ့တာပါ။ အခုတစ်ခေါက် ထီဆုငွေတွေကို ဘာအတွက်အသုံးပြုသွားမယ်ဆိုတဲ့အထူးအစီအစဉ်တော့မရှိသေးဘူးလို့ သူက ဆိုပါတယ်။ “ဒီဆုငွေတွေအတွက် အထူးအစီအစဉ်မရှိသေးပါဘူး။ ဘဏ်အကောင့်ထဲ ထည့်ထားပြီး ခဏလောက်ထိုင်ကြည့်နေဖို့ စီစဉ်ထားပါတယ်”

Ref: Man Wins $110K Lottery Prize for Second Time in 6 Months: ‘I Can’t Be That Lucky!’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top