တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ဟိုတယ်ပြိုကျမှုကြောင့် (၈) ဦးသေဆုံး (၉) ဉီး ပျောက်ဆုံးနေ

7-7-2021-yyl-47.jpg

တရုတ်နိုင်ငံအရှေ့ပိုင်း စူကျုံမြို့က Siji Kaiyuan ဟိုတယ်ပြိုကျမှုမှာ အနည်းဆုံး လူ (၈) ဉီး သေဆုံးခဲ့ပြီး (၉) ဉီး ပျောက်ဆုံးလျက်ရှိတယ်လို့ တရုတ်အာဏာပိုင်တွေက ဒီကနေ့ပြောကြားလိုက်ပါတယ်။ တနင်္လာနေ့ညနေပိုင်းမှာ ဟိုတယ်ပြိုကျခဲ့တာဖြစ်တယ်လို့ စူကျုံမြို့အစိုးရအဖွဲ့က ဆိုပါတယ်။

အဲဒီအချိန်တုန်းက အဆောက်အဉီးထဲက လူအများစုဟာ ဟိုတယ်တည်းခိုသူတွေချည်းဖြစ်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်တဲ့သူတွေကို ရှာဖွေဖို့အတွက် ကရိန်းတွေ၊ လှေကားတွေ၊ သတ္တုဖြတ်စက်တွေ၊ ခွေးတွေကို အသုံးပြုခဲ့ရပါတယ်။ လူ (၂၃) ဉီးက ပိတ်မိနေခဲ့ပြီး (၆) ဉီးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ငလျင်ကယ်ဆယ်ရေးအဖွဲ့တွေအပါအဝင် လူ (၆၀၀) ကျော်၊ ယာဉ်အစီး (၁၂၀) နဲ့ ဒီအော်ပရေရှင်းကို ဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

Ref: ABCNews “At least 8 dead in hotel collapse in eastern China”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top