ခေါက်နိုင်ကွေးနိုင်တဲ့ဖုန်းတွေကို Apple ထုတ်လုပ်တော့မှာလား

10020836-6722323-Apple_has_filed_a_patent_for_a_phone_with_a_bendable_screen_Lets-a-43_1550615559005.jpg

Apple ကတော့ ခေက်ကွေးနိုင်တဲ့ဖုန်းတွေထုတ်လုပ်မယ့်နယ်ပယ်ထဲကို ဝင်ရောက်လိုက်ပြီ လို့ ယူဆရပါတယ်။ အကြောင်းကတော့ သူတို့ရဲ့မူပိုင်ခွင့်အသစ်တစ်ခုမှာပါနေတဲ့ ခေါက်ကွေးနိုင်တဲ့အိုင်ဖုန်းလို့ ယူဆရတဲ့ပုံကြမ်းတွေကြောင့်ပါပဲ။

အဲဒီမူပိုင်ခွင့်မှာတွေ့မြင်ရသလောက်တော့ ဒီပစ္စည်းသစ်ဟာ အလယ်အဆစ်ချိုးကနေ ခေါက်ကွေးနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ နည်းပညာပစ္စည်းဝက်ဘ်ဆိုက် LetsGoDigital ကလည်း မူပိုင်ခွင့်မှာပါရှိတဲ့ပုံကြမ်းတွေကိုသုံးပြီး ခေါက်ကွေးနိုင်တဲ့အိုင်ဖုန်းရဲ့ ဖြစ်နိုင်ချေပုံစံကို သုံးဖက်မြင်ပုံရိပ်တွေအဖြစ်ပြောင်းလဲ ပြသလိုက်ပါတယ်။

မြင်တွေ့ရတဲ့ပုံတွေအရ ဖုန်းရဲ့မျက်နှာပြင်ကို နောက်ပြန်ခေါက်ပြီး လိပ်ထားနိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့် ဖုန်းမျက်နှာပြင်ကို တြိဂံပုံစံအနေအထားမှာထားနိုင်ပြီး မျက်နှာပြင်တွေမှာ တူညီတဲ့ပြသမှုကို တစ်ချိန်တည်းကြည့်ရှုနိုင်စေမှာပါ။ ဒီ ဒီဇိုင်းတွေဟာ အိုင်ဖုန်းအတွက်သာရည်ရွယ်ထားတာမဟုတ်ဘဲ အိုင်ပတ်၊ မက်ဘွတ်ခ်နဲ့ Apple Watch တွေအတွက်ပါ သုံးစွဲမှာဖြစ်နိုင်တယ်လို့ ထင်မြင်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

“ပုံစံပြောင်းလဲနိုင်သောမျက်နှာပြင်ပါကိရိယာများ” လို့ အမည်တပ်ထားတဲ့ ဒီမူပိုင်ခွင့်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ (၁၂) က တင်သွင်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကမှ လူအများသိခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ Apple အနေနဲ့ ဒီကိရိယာကို သေချာပေါက်ဖန်တီးမလား ပုံစံအပြောင်းအလဲလုပ်ဦးမလား ဆိုတာတော့ လက်ရှိမှာ မပြောနိုင်သေးပါဘူး။

ကိုရီးယားနည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းကတော့ “Galaxy Fold” လို့အမည်ရတဲ့ သူတို့ကိုယ်ပိုင်ဒီဇိုင်း ခေါက်ကွေးဖုန်းကို ထုတ်ဖော်ပြသဖို့ရှိနေပြီး တရုတ်နည်းပညာကုမ္ပဏီတွေဖြစ်ကြတဲ့ TCL, ZTE နဲ့ Xiaomi တို့မှာလည်း ခေါက်ကွေးနိုင်တဲ့ဖုန်းတွေကို ထုတ်လုပ်ဖို့ အစီအစဉ်တွေ အသီးသီးရှိနေကြပြီလို့ သိရပါတယ်။

Ref: DailyMail.co.uk “Patent reveals concept iPhone that bends down the middle”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top