သမီးမိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ မပြောသင့်တဲ့စကား

pp4.jpg

သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေက မိမိရဲ့ကလေးတွေကို “ကြင်နာတတ်လိုက်တာ၊ သတ္တိရှိလိုက်တာ၊ ဖြူစင်ရိုးသားလိုက်တာ” ဆိုတဲ့ သူရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်တဲ့စကားတွေကို များများပြောပေးဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ သူရဲ့ရုပ်ရည်နဲ့ ပတ်သက်ပြီး ချီးမွမ်းစကားဆိုတာမျိုးကိုတော့ မလုပ်မိပါစေနဲ့။ “သမီးက လှလိုက်တာ (သို့) ချစ်ဖို့ကောင်းလိုက်တာ”ဆိုတဲ့စကားကို မပြောမိအောင်ကြိုးစားပါ။ ဒီအချက်တွေကို မပြောဖို့ရာ သုတေသီတွေက အကြံပြုထားပါတယ်။

သမီးမိန်းကလေးတွေကို ရုပ်ရည်နဲ့ပတ်သတ်ပြီး ချီးမွမ်းစကားဆိုခြင်းက သူတို့လေးတွေကို အလှအပနဲ့ပတ်သတ်ပြီး သိချင်စိတ်ပြင်းပြလာတာမို့ သူတို့မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်းတွေထက် ရုပ်ရည်အသွင်အပြင်ကို ပိုပြီးတန်ဖိုးထားမိသွားစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

“သမီးလေးက လှလိုက်တာ”လို့ ပြောလိုက်ခြင်းက “အလှအပဟာ အမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုတစ်ခု”ဆိုတဲ့ ခံစားချက်ကို သူတို့ရဲ့စိတ်ထဲမှာ စွဲမြဲသွားစေပါတယ်။ ကလေးတစ်ယောက်ကို ချီးမွမ်းစကားဆိုခြင်းက သူကို ယုံကြည်ချက်ရှိလာစေဖို့နဲ့ စိတ်ဓာတ်ခွန်အားတိုးလာစေဖို့ အရေးပါတယ်ဆိုတာ ကျွန်မတို့အားလုံးသိကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရည်အသွင်အပြင်ထက် အရည်အချင်းတွေကို ပိုဦးစားပေးပြီး အတွင်းစိတ်လှအောင်နေဖို့သာသင်ကြားပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

ဒါမှ သမီးမိန်းကလေးတွေဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေကိုတန်ဖိုးထားတတ်လာပြီး အောင်မြင်မှုကို ဆွတ်ခူးရရှိနိုင်အောင် ပြင်ဆင်ရင်းထက်မြက်တဲ့မိန်းကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာမှာဖြစ်ပါကြောင်း…။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top