ပလက်စတစ် စွန့်ပစ်ပစ္စည်းနဲ့ ဖိနပ်ထုတ်လုပ်မယ့် Adidas

38404806_2051582394905722_3881541088481116160_n.jpg

လေ့လာခန့်မှန်း တွက်ချက်မှုတွေအရ ကမ္ဘာ့ ပင်လယ် သမုဒ္ဒရာတွေထဲမှာ ပလက်စတစ် စွန့်ပစ်ပစ္စည်းတွေရဲ့ ပါဝင်မှုဟာ ၂၀၅၀ ခုနှစ် အရောက်မှာ ပင်လယ်ရေထဲက ငါးတွေထက်တောင် အရေအတွက် ပိုမိုများပြားသွားနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်းများစွာက ပလက်စတစ် ပေါင်ချိန် ပေါင်းများစွာဟာ နေ့စဉ်နဲ့အမျှ ပင်လယ်ထဲကို စွန့်ပစ်ပစ္စည်းအဖြစ် ရောက်ရှိလာနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လျှော့ချဖို့ လုပ်ဆောင် သွားရတော့မှာပါ။

လူတွေဟာ ပင်လယ်ထဲကို ရောက်ရှိနေတဲ့ ပလက်စတစ် တန်ချိန်ပေါင်းများစွာကို နည်းပညာမျိုးစုံကို အသုံးပြုပြီး နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစား အားထုတ်ခဲ့ကြပေမယ့် ပလက်စတစ်တွေဟာ ပိုပိုများလာခဲ့ပါတယ်။ ပလက်စတစ်ဗူးတွေဟာ တကယ်တမ်းမှာ ပြန်လည်အသုံးပြုခြင်း (recycle) မပြုလုပ်နိုင်တာကြောင့် တစ်ခါဖန်တီးပြီးရင် ပျက်စီးဖို့ဆိုတာ နှစ်ပေါင်းများစွာကြာတောင် မလွယ်ပါဘူး။

ကမ္ဘာကျော် ကုမ္ပဏီကြီးဖြစ်တဲ့ အက်ဒီးဒက်စ် (Adidas) က ဒီပြသာနာကို ဝိုင်းဝန်းဖြေရှင်းဖို့အတွက် လာမယ့်နှစ်ကစပြီး မော်လ်ဒိုက်ကမ်းခြေနားက ပလက်စတစ်ဘူးခွံ ၁၁ သန်းကို အသုံးပြုကာ အပြေးလေ့ကျင့်နိုင်တဲ့ ဖိနပ် ၁ သန်းကို ထုတ်လုပ်သွားတော့မှာပါ။

လက်ရှိ ဖိနပ်အရံပေါင်း ၇၀၀၀ ကျော်ကို ထုတ်လုပ်ထားပြီးပြီ ဖြစ်ကာ တစ်ရံကို ကန်ဒေါ်လာ ၂၂၀ နဲ့ မကြာခင် ရောင်းချသွားတော့မှာလည်း ဖြစ်ပါတယ်။ ဈေးနှုန်းဟာ အက်ဒီးဒက်စ်ရဲ့ တခြား ဖိနပ်တွေထက် ဈေးအနည်းငယ်လောက် ပိုမြင့်နေပေမယ့် ကမ္ဘာကြီးကို ဝိုင်းဝန်းထိန်းသိမ်းဖို့ ကူညီသင့်တယ်လို့ ဆိုပါတယ်။

Ref: returntonow.net “Adidas Makes Shoes out of plastic from the ocean”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top