လူမျိုးရေးခွဲခြားတယ်လို့ တရုတ်တွေရဲ့ စွပ်စွဲခြင်းခံနေရတဲ့ ဘရွတ်ကလင်းဘက်ခမ်း

brooklyn-beckham.png

ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ သားအကြီးဆုံး ဘရွတ်ကလင်းဘက်ခမ်းဟာ သူရဲ့အင်စတာဂရမ် (Instagram) အကောင့်မှာ အီတလီနိုင်ငံကို ခရီးသွားရင်း ရိုက်ကူးခဲ့တဲ့ အာရှခရီးသွားတွေရဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခံနေရပါတယ်။

ပထမတစ်ပုံမှာ အာရှသား တရုတ်လူမျိုးတွေဟာ တူးမြောင်းထဲက လှေထဲမှာ ထိုင်နေတာဖြစ်ကာ နောက်တစ်ပုံမှာတော့ အာရှသူ တရုတ်လူမျိုး တစ်ဦးက ဈေးဝယ်စင်တာထဲက မုန့်တွေထားတဲ့ စင်တွေကြားမှာ မတ်တပ်ရပ်နေတဲ့ပုံ ဖြစ်ပြီး ဘရွတ်ကလင်းက ပုံတွေရဲ့အောက်မှာ “အီတလီက အီတလီနဲ့မတူတော့ဘူး” (no place like Italy innit) ဆိုတဲ့ စာသားကို ရေးထားခဲ့တာ ဖြစ်ပါတယ်။

ဒါကိုတွေ့မြင်ခဲ့တဲ့ တရုတ်လူမျိုး အများစုကတော့ တရုတ်ခရီးသွားတွေအနေနဲ့ ဥရောပနိုင်ငံတွေကို လာမလည်သင့်ဘူးလို့ စောင်းမြောင်းရေးသားထားတာလို့ ယူဆကာ အင်တာနက်ပေါ်မှာ ဘရွတ်ကလင်းကို ဝေဖန်ကြပါတယ်။

အင်စတာဂရမ် (Instagram) အပြင် တွစ်တာ (Twitter) နဲ့ ဝီဘို (Weibo) စတဲ့ လူမှုကွန်ယက် မီဒီယာတွေပေါ်မှာ တော်တော်လေး ဝေဖန်ခံနေရပြီးနောက် ဘရွတ်ကလင်းဟာ ဓာတ်ပုံကို ပြန်လည်ဖျက်ခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ် အကောင့်ကိုလည်း လူတိုင်းဝင်ကြည့်လို့မရအောင် public ကန private ပြောင်းလဲခဲ့ပါတယ်။ ဘရွတ်ကလင်းဟာ ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိဘဲ တင်ခဲ့တာလို့ စွပ်စွဲခံနေရတာပါ။

“အီတလီက လူဖြူတွေပဲ နေတဲ့နေရာလား…မင်းက ဘာနဲ့ တူသင့်တယ်လို့ ပြောချင်တာလဲ” ဆိုပြီး တွစ်တာပေါ်မှာ ဝေဖန်မှုတွေ တွေ့ရသလို ဖျက်ပစ်လိုက်ပြီ ဖြစ်တဲ့ အင်စတာဂရမ်က ဓာတ်ပုံပေါ်မှာလည်း “မင်းစကားလုံးတွေက တော်တော်ယဉ်ကျေးတယ်လို့ မင်းထင်နေလား” “မင်း အာရှဘက်ကို မလာဖို့ မျှော်လင့်ပါတယ်။ ဒီက ဘယ်သူမှ မင်းကို လက်ခံမှာ မဟုတ်တော့ဘူး။ မင်းက အသားပဲဖြူနေပြီး ဘာမှမဟုတ်တဲ့ ကောင်ပါကွာ” လို့ ရေးသားမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကလည်း “အဲဒီနေရာတွေမှာ တရုတ်လူမျိုးတွေ တော်တော်များများ ရှိနေတယ် ဆိုတာ ဟုတ်ပါတယ်။ ဘရွတ်ကလင်းအနေနဲ့ တရုတ်လူမျိုးတွေကို စော်ကားဖို့ ရည်ရွယ်တာ မဟုတ်လောက်ပါဘူး” “ဒါက ဘယ်လိုနည်းနဲ့ တရုတ်တွေကို စော်ကားတယ် ဖြစ်သွားရတာလဲဗျာ နားကိုမလည်နိုင်ဘူး” လို့ ရေးသားခဲ့ကြပါတယ်။

Ref : Daily Mail “Brooklyn Beckham is accused of ‘RACISM’ by furious Chinese people after posting photographs of Asian tourists in Italy”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top