ကလေးတွေမှာ အဖြစ်များတတ်တဲ့ ဓာတ်မတည့်မှုတွေ

boy-using-respiratonic-inhaler-GRPDKZC.jpg

ကလေးတွေဟာ အိမ်မှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်၊ လူထူထပ်တဲ့ နေရာတွေမှာဖြစ်ဖြစ် ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အခုဆိုရင်တော့ ဓာတ်မတည့်မှုတွေ အဖြစ်များတတ်တဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးမှာဖြစ်ပြီး ကိုယ့်ရဲ့ သားသားမီးမီးလေးတွေရဲ့ ဓာတ်မတည့်မှုတွေကို ဘယ်လိုလျှော့ချမလဲဆိုတာ အဖြေရှာကြည့်လိုက်ကြရအောင်…။

ပန်းဝတ်မှုန်တွေ

လေထဲမှာရောပါလာတဲ့ ပန်းဝတ်မှုန်တွေကြောင့်လည်း ဓာတ်မတည့်မှုတွေဖြစ်ပြီး ယားယံမှုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပန်းဝတ်မှုန်တွေ ပျံ့နှံ့တတ်တဲ့အချိန်မှာ ဝတ်မှုန်တွေနဲ့ မထိတွေ့အောင် နေတတ်ဖို့ အရေးကြီးပါတယ်။ ဝတ်မှုန်တွေဟာ မနက် ၅ နာရီကနေ ၈ နာရီလောက်အထိ ပျံ့နှံ့တတ်တာမို့လို့ အဲ့ဒီအချိန်အတွင်းမှာ ပန်းဝတ်မှုန်တွေနဲ့ မထိတွေ့နိုင်တဲ့နေရာမှာ နေသင့်ပါတယ်။ ကားစီးနေတဲ့အချိန် ကားပြတင်းပေါက် ပိတ်ထားတာပဲဖြစ်ဖြစ်၊ လေအရမ်းတိုက်တဲ့နေ့တွေဆိုရင် အိမ်ထဲမှာနေတာဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

ဖုန်မှုန့်တွေ

ဖုန်မှုန့်တွေဟာ ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်ဖို့ အလွယ်ကူဆုံးပါပဲ။ သင့်အိမ်မှာ ဖုန်မှုန့်တွေ ကပ်ငြိနိုင်တဲ့ ပိုးမွှားတွေကို လျှော့ချသင့်ပါတယ်။ ဒီလို လျှော့ချဖို့အတွက် ရေငွေ့စုပ်စက်ကို သုံးပြီး စိုထိုင်းမှုတွေကို အပတ်တိုင်း ဖယ်ရှားသင့်ပါတယ်။ အိပ်ခန်းတွေဟာ ဖုန်မှုန့်တွေ ကပ်ငြိဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ မွေ့ရာတွေကို ပလတ်စတစ်နဲ့ ဒါမှမဟုတ် ဓာတ်မတည့်တာကို ကာကွယ်နိုင်တဲ့ အဝတ် တစ်ခုခုနဲ့ ဖုံးအုပ်ထားသင့်ပါတယ်။

အိမ်မွေးတိရစ္ဆာန်

သင့်ရဲ့ သားသားမီးမီးတွေမှာ အိမ်မွေး တိရစ္ဆာန်တွေကြောင့် ဓာတ်မတည့်တာ ဖြစ်တတ်တယ်ဆိုရင်တော့ ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ တိရစ္ဆာန်တွေရဲ့ အမွေးတွေကို ဖယ်ရှားဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဖြစ်န်ိုင်မယ်ဆိုရင် တိရစ္ဆာန်လေးတွေကို အိမ်မှာမမွေးခင် အရင်စမ်းပြီး အတူတူ အချိန်ပေးကြည့်သင့်ပါတယ်။

ရေမွှေး

ရေမွှေးတွေမှာပါဝင်တဲ့ အမွှေးနံ့တွေကို ဓာတ်မတည့်တတ်တဲ့ ကလေးတွေကတော့ ထိတွေ့မိတာနဲ့ အချိန်ကြာလေ ဓာတ်မတည့်တာ ပိုဆိုးလာတတ်ပါတယ်။ ကလေးတွေကို ရေမွှေးကြောင့်ယားယံမှုဖြစ်တတ်တာကနေ ကာကွယ်မယ်ဆိုရင် မိဘကိုယ်တိုင်က ရေမွှေးမဆွတ်ဖို့ လိုအပ်ပါလိမ့်မယ်။

လေထုညစ်ညမ်းခြင်း

သင့်အိမ်အပြင်မှာတော့ လေကို သန့်စင်အောင် လုပ်ဖို့မဖြစ်နိင်ပါဘူး။ ဒါပေမဲ့ အိမ်ထဲမှာတော့ လေကို သန့်စင်အောင် လုပ်နိုင်ပါတယ်။ အိမ်ကို သန့်သန့်ရှင်းရှင်းထားပြီး လေဝင်လေထွက် ကောင်းအောင်ထားပါ။

မှိုတွေ

မှိုဆိုတာ ဓာတ်မတည့်မှုကြောင့် ယားယံတာတွေဖြစ်ခြင်းရဲ့အစပါပဲ။ အိပ်ခန်းတွေနဲ့ အိမ်အောက်ထပ်တွေလိုမျိုး စိုထိုင်းတတ်တဲ့နေရာတွေမှာ မှိုတွေကိုတွေ့ခဲ့ရင် ဖယ်ရှားဖို့ အရမ်းအရေးကြီးပါတယ်။

Ref: “Common environmental allergies in kids”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top