ပျားပေါင်း (၁၀,၀၀၀) ကျော်ကို ကိုယ်ဗလာပေါ်တင်ပြီး ကပြဖျော်ဖြေခဲ့တဲ့ အမျိုးသမီး

66268539_434355037415025_6400976467752124416_n.jpg

သင်ဟာ အင်းဆက်တွေနဲ့ ပိုးမွှားအကောင်ပလောင်တွေကို ကြောက်တတ်သူဆိုရင်တော့ ဒီသတင်းက သင့်အတွက် လုံးဝအသည်းယားစရာဖြစ်နေမှာပါ။ ဆာရာ မတ်ပဲလ်ရီ (Sara Mapelli) ဆိုတဲ့အမျိုးသမီးဟာ ကိုယ်တွင်းစွမ်းအင်ကုထုံး အထူးပြုဆရာမတစ်ဦးဖြစ်ပြီး သူ(မ)ကို ပျားဘုရင်မဆိုပြီး လူသိများပါတယ်။

မတ်ပဲလ်ရီဟာ သူ(မ)ရဲ့အလုပ်နဲ့ပတ်သတ်ပြီး National Geographic ကို ပြောပြခဲ့ပါတယ်။ ကိုယ်ဗလာပေါ်ပျားပေါင်း (၁၅,၀၀၀) ကျော်လောက်တင်နိုင်ဖို့အတွက် ကြောက်လန့်စိတ်ကို ဘယ်လိုတွန်းလှန်ခဲ့ရတယ်ဆိုတာနဲ့ အဲဒီပျားတွေကိုယ်ပေါ်တင်ထားတဲ့အချိန် စိတ်ထဲဘယ်လိုခံစားနေရတယ်ဆိုတာကို ပြန်လည်ဝေမျှချင်တာလည်း ဖြစ်ပါတယ်။

သူ(မ) အမြဲလုပ်နေတဲ့ အာရုံစူးစိုက်မှု ကျင့်စဉ်တွေ၊ တရားထိုင်တာတွေနဲ့ ဒီပျားအက ကတာတွေဟာ လူသားတွေ မိမိကြောက်စိတ်ကို အနိုင်ယူခြင်းနဲ့ သဘာဝတရားကို ချစ်မြတ်နိုးတတ်စေမှုတို့ဖြင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

သူ(မ)ရဲ့ပြောကြားချက်အရတော့ ဒီအကမှာ ပျားတွေကို သူ(မ) ခန္ဓာကိုယ်မှာပဲ တင်ထားပေမဲ့လို့ အကမှာပါဝင်တဲ့သူတွေအားလုံးကတော့ တူညီတဲ့ကောင်းကျိုးတွေ ထပ်တူရမှာပဲလို့ ဆိုပါတယ်။

ဒီအကကိုစကတော့မယ်ဆို ပထမစစချင်းမှာ ပျားဘုရင်မပါတဲ့ဆွဲကြိုးကို လည်တိုင်မှာစဝတ်ရပါတယ်။ ဒါမှ တခြားပျားတွေက ပျားဘုရင်မနောက်ကိုလိုက်ပြီး ခန္ဓာကိုယ်ပေါ်စုပုံလာမှာပါ။ ပျားတွေအားလုံး သူ(မ)ကိုယ်ပေါ်စုပုံလာပြီဆိုရင်တော့ အနှေးကတာ၊ တရားထိုင်တာနဲ့ အာရုံခံတာတွေကို စလုပ်လို့ရပါပြီ။ ပျားတွေအားလုံးဟာ သူ(မ)ရဲ့ဗလာကျင်းခန္ဓာကိုယ်ပေါ် ဖြည်းဖြည်းချင်းသာ ရွှေ့လျားနေကြပြီး ကိုက်တာတွေ၊ တုပ်တာတွေဘာမှ မလုပ်ကြဘူးလို့ မတ်ပဲလ်ရီက ဆိုပါတယ်။

ဗီဒီယိုလေးကိုတော့ အောက်ကလင့်ခ့်ကနေ ဝင်ကြည့်လို့ရပါတယ်။

https://bit.ly/2NwuCuV

Ref : curiousmindmagazine.com “Woman Performed A Dance With 10.000 Bees On Her Body And Showed What ‘One With Nature’ Really Means”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top