ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကွင်းထဲဝင်ပြေးခဲ့သူက ကိုပါဗိုလ်လုပွဲမှာလည်း ကွင်းထဲဝင်ပြေးဖို့ ကြံစည်

66270114_2471849749512597_34784819871219712_n.jpg

လီဗာပူးနဲ့ စပါးအသင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရေကူးဝတ်စုံဝတ်ပြီး ကွင်းထဲဝင်ပြေးခဲ့သူက ကိုပါအမေရိကဗိုလ်လုပွဲမှာ ကွင်းထဲဝင်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့ရဲ့အစီအစဉ် တားဆီးခံခဲ့ရပါတယ်။ ဝိုလန်စကီးဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက ရုရှားအဖော်အချွတ် ဝက်ဘ်ဆိုက်နာမည် ရေးသားထားတဲ့ ရေကူးဝတ်စုံဝတ်ပြီး ကွင်းထဲဝင်ပြေးခဲ့တာပါ။ ဝိုလန်စကီးရဲ့ချစ်သူ ဗီတာလီက အဲဒီဝက်ဘ်ဆိုက်ကို တည်ထောင်ထားတာဖြစ်ပါတယ်။

သူတို့ (၂) ယောက်ဟာ ဘရာဇီးနဲ့ ပီရူးကစားခဲ့တဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ ကွင်းထဲဝင်ပြေးဖို့ စီစဉ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ထောင်ကျခဲ့ပါတယ်။ ”ကိုပါအမေရိကပြိုင်ပွဲမှာ ကျွန်မတို့ရဲ့ စွန့်စားမှု မအောင်မြင်ခဲ့ပါဘူး။ ဘရာဇီးနိုင်ငံကို လေယာဉ်နဲ့သွားတယ်။ ရုပ်ဖျက်နိုင်မယ့် အဝတ်အစားတွေ ဝတ်တယ်။ ကျွန်တော်တို့ ထိုင်ခုံဆီကိုသွားနေတုန်း ဗီတာလီကို လုံခြုံရေးဝန်ထမ်း (၂၀) က ဝိုင်းဖမ်းခဲ့တယ်။ ကျွန်မတို့ ထောင်ထဲကနေ ပြန်လွတ်လာပါပြီ။ ဘရာဇီးနိုင်ငံမှာ ပျော်ရွှင်နေပါတယ်”လို့ ဝိုလန်စကီးက ပြောပါတယ်။ အင်စတာဂရမ်မှာ အားပေးသူ ၂၃၀၀၀၀ ရှိတဲ့ ဝိုလန်စကီးဟာ ပြီးခဲ့တဲ့လအတွင်းက ဝမ်ဒါမက်ထရိုပိုလစ်တန် ဘောလုံးကွင်းထဲ ဝင်ပြေးပြီးနောက်ပိုင်း အားပေးသူ (၂) သန်းကျော်အထိ ရှိလာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top