Social Distancing စည်းမျဉ်းတွေ ပြေလျော့သွားတဲ့အတွက် အလုပ်ခွင်နဲ့ လူများတဲ့နေရာတွေကို ကိုရီးယားလူမျိုးတွေ ပြန်သွားနေ

20-4-20202-yyl-012.jpg

တောင်ကိုရီးယားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ဆက်လက်ကျဆင်းသွားပြီး လူတွေနဲ့ခပ်ခွာခွာနေရမယ့်စည်းမျဉ်းတွေ ပြောလျော့သွားတဲ့အတွက် တောင်ကိုရီးယားလူမျိုးတွေက အလုပ်ခွင်၊ လူများတဲ့ ဈေးဝယ်စင်တာ၊ ပန်းခြံနဲ့ စားသောက်ဆိုင်တွေကို ပြန်သွားနေကြပြီလို့ သိရပါတယ်။

တချို့ကုမ္ပဏီတွေကလည်း Work from Home အစီအစဉ်ကိုလည်း အဆုံးသတ်လိုက်ပါပြီ။ ရက်တစ်ပတ်တော်တော်ကြာ ပိတ်ထားခဲ့တဲ့ ပန်းခြံတွေ၊ ဈေးဝယ်စင်တာတွေနဲ့ စားသောက်ဆိုင်တွေကလည်း တဖြည်းဖြည်းနဲ့ နဂိုအတိုင်း ဖြစ်လာနေပါပြီ။ တောင်ကိုရီးယားနိုင်ငံက တရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကနေ ပြန်လည်ကောင်းမွန်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘောလုံးအသင်းရဲ့အဖွဲ့ဝင်တစ်ယောက်ကလည်း နှစ်လအကြာမှာ ပထမဆုံး ပြန်သွားကစားခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ရသေးတဲ့အတွက် သူတို့ကစားတဲ့အခါမှာ mask ဝတ်ဆင်ရပါတယ်။ ဒါပေမဲ့ ရာသီဥတုက သာယာပြီး လန်းဆန်းသလို ခံစားရတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့မှာ လူစုလူဝေးသွားနေရာတွေသွားခွင့် ပိတ်ပင်ထားတဲ့စည်းမျဉ်းကို နောက်ထပ် (၁၆)ရက်သာ တိုးထားပါတယ်။ ဒါပေမဲ့ တားမြစ်ပိတ်ပင်ထားတဲ့ ဘာသာရေးနဲ့ အာကစားနေရာတွေကို စည်းမျဉ်းလျော့ချခဲ့ပါတယ်။

ဆိုးလ်မြို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်တပ်က ခရီးသွားလာမှုနဲ့ ဧည့်သည်လာရောက်မှုမှာ တားမြစ်မှုတွေကို လျော့ချဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေက အားလပ်ရက်ရှည်ပိတ်ပြီးတဲ့နောက်၊ တောင်ကိုရီးယား ရွေးကောက်ပွဲလုပ်ပြီးတဲ့နောက် အစုလိုက်အပြုံလိုက် အချိန်မရွေး ပေါ်လာနိုင်သေးတယ်လို့ သတိပေးထားပါတယ်။ ကျောင်းတွေက ဖွင့်တော့မှာဖြစ်ပြီး online class တွေ လုပ်နေပါတယ်။

SK Innovation ဘတ္တရီကုမ္ပဏီရဲ့ တရားဝင်ရှိသူတစ်ဦးကလည်း ဝန်ထမ်း (၈၀) ရာခိုင်နှုန်းလောက်က အခုအပတ်မှာ အလုပ်ခွင်ကို ပြန်လာမှာဖြစ်ပြီး ရုံးဝင်ပေါက်မှာ အပူချိန်စစ်ဆေးသွားမှာဖြစ်ပြီး ရုံးထဲမှာလည်း အကွာအဝေးခြားထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Naver Corp ကုမ္ပဏီကလည်း ဝန်ထမ်းတစ်ဝက်လောက်ကို ရုံးတက်စေမှာဖြစ်ပြီး Netmarble ကုမ္ပဏီရဲ့ဝန်ထမ်းတွေက တစ်ပတ် (၃) ရက် ရုံးလာရမှာဖြစ်ပါတယ်။

စနေနေ့ကမှ ဘူဆန်ရဲ့ ဒုတိယအကြီးဆုံးမြို့မှာ နေထိုင်တဲ့ အသက် (၅၈) နှစ်အရွယ်အမျိုးသားမှာဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်လို့ အစိုးရက ကြေညာထားပါတယ်။ သူက ကိုရိုနာဗိုင်းရပ်စ်လက္ခဏာခံစားနေရရင်းနဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့သလို ဘုရားကျောင်းတက်ခဲ့ပြီး စားသောက်ဆိုင်တွေကိုလည်း သွားခဲ့ပါသေးတယ်။ အခု သူနဲ့ သူ့သမီးတို့နဲ့ ထိတွေ့ခဲ့တဲ့ လူ (၁၀၀၀) ကျော်ကို quarantine လုပ်ထားပြီး စစ်ဆေးမှုတွေလုပ်နေပါတယ်။ ကျန်းမာရေးဝန်ကြီးကတော့ “လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က လူအနည်းငယ်ကနေ အစုလောက်အပြုံလိုက် ကြီးကူးစက်ခံရတာကို တွေ့ရပါတယ်။ Social Distancing ကို ရပ်တန့်လိုက်မယ်ဆိုရ် ဗိုင်းရပ်စ်ပြန်ပေါ်လာနိုင်ပြီး လူအသိုင်းအဝိုင်း ကြီးကြီးမားမားထိခိုက်ပြီး အန္တရာယ်ဖြစ်လာနိုင်တယ်” လို့ ဆိုထားပါတယ်။

Ref: South Koreans return to work, crowd parks, malls as social distancing rules ease

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top