ပိုးကောင်လေးတစ်ကောင် အကိုက်ခံလိုက်ရုံနဲ့ ရာသက်ပန် သားသက်လွတ် စားသုံးသူ ဖြစ်လာနိုင်မယ့် အခွင့်အရေး

tick-feature.jpg

လူကို အန္တရာယ်ဖြစ်စေနိုင်ပြီး အန္တရာယ်များတဲ့ ပိုးကောင်တွေကတော့ ကမ္ဘာအနှံ့အပြားမှာ ရှိနေပါတယ်။ အကိုက်ခံရတဲ့အခါ ယားယံတာကစလို့ အဆိပ်တက်ပြီး သေစေနိုင်တဲ့အထိပါပဲ။ အဲဒီ ပိုးကောင်တွေထဲကမှ လုန်းစတား (lone star) လို့ခေါ်တဲ့ ပိုးကောင်လေးကတော့ သင့်ရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။

ဒီပိုးကောင်တွေကို အမေရိကန်ပြည်ထောင်စု၊ မစ်ဝစ်စတန်ဒေသရဲ့ သစ်တောဧရိယာတွေမှာ အတွေ့ရများတတ်ပြီး ကိုလမ်ဘီယာ၊ အီကွေဒေါနဲ့ ဂွာတာမာလာစတဲ့ဒေသတွေမှာလည်း တွေ့ရတတ်ပါတယ်။

လုန်းစတားပိုးကောင်လေးတွေရဲ့ ပုံသဏ္ဍာန်က အခြားမြင်နေကျ ပိုးကောင်တွေထက် ပိုလုံးဝန်းပြီး အရွယ်အစားအားဖြင့် တစ်လက်မရဲ့ လေးပုံတစ်ပုံနဲ့ နှစ်ပုံတစ်ပုံကြားမှာ ရှိကြပါတယ်။ ကြေးရောင် (သို့) အညိုရင့်ရောင်ရှိပြီး ပိုးကောင်အမတွေရဲ့ ကျောမှာတော့ အဖြူရောင် အကွက်လေးတွေ ပါပါတယ်။ တစ်ဖန် ပိုးကောင်အထီးတွေရဲ့ ဘေးအကြောတွေမှာတော့ လိုင်းလေးတွေ ပါပါတယ်။

မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့ လေ့လာတွေရှိချက်အရ ၎င်းပိုးကောင်လေးတွေဟာ အသားနဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ အယ်လ်ဖာ-ဂဲလ် (alpha-gal) ဆိုတဲ့ဓာတ်နဲ့ ဓာတ်မတည့်တာလို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဒီ ပိုးကောင်အကိုက်ခံရပြီး အသားတွေစားမယ်ဆို ပျို့အန်တာ၊ ယားယံတာနဲ့ ဖောယောင်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ချွင်းချက်အနေနဲ့ ငါး၊ မွေးမြူရေး ကြက်၊ ငှက်နဲ့ ဥအမျိုးမျိုးမှာတော့ အယ်လ်ဖာ-ဂဲလ်ဓာတ် မပါရှိဘူးလို့ ဆိုပါတယ်။

အကောင်ကိုက်ခံရပြီးတဲ့အခါ အသီးအရွက်တွေကိုပဲ ဦးစားပေးစားသုံးရမှာဖြစ်လို့ ဝိတ်လျှော့ချင်နေတဲ့သူတွေနဲ့ သွေးတွင်း အဆီဓာတ်များနေတဲ့သူတွေအတွက်ကတော့ သတင်းကောင်း ဖြစ်လောက်ပါတယ်။

Ref: Elitereaders “One Bite from This Tiny Tick and You’ll Become a Vegetarian for Life”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top