အီကွေဒေါအစိုးရရဲ့ စီးပွားရေးတုံ့ပြန်မှုကို လူထောင်ချီ ဆန္ဒပြ

26-5-2020-yyl-011.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ချိန်မှာ အီကွေဒေါအစိုးရရဲ့ စီးပွားရေးတုံ့ပြန်မှုအပေါ် ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ အီကွေဒေါနိုင်ငံမှာ လူထောင်ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အသွားအလာကန့်သတ်မှုတွေကို ဖီဆန်ပြီး အီကွေဒေါနိုင်ငံမြို့တော် ကွီတိုမြို့မှာ လူ ၂၀၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ အစိုးရပိုင် ကုမ္ပဏီတချို့ကို ပိတ်ပစ်ပြီး ပြည်သူ့ဝန်ထမ်းလစာတွေကို လျှော့ချမှု အပါအဝင် စီးပွားရေးတုံ့ပြန်မှုစည်းမျဉ်းတွေကို အီကွေဒေါသမ္မတ မိုရီနိုက ကြေညာခဲ့ပါတယ်။ အီကွေဒေါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင် ဆုံးရှုံးသူ ၁၅၀၀၀၀ ကျော် ရှိတယ်လို့ မိုရီနိုက ပြောပါတယ်။

အီကွေဒေါနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံးခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၃၇၀၀၀၊ သေဆုံးသူ ၂၀၀၀ ကျော် ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ အီကွေဒေါနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဂွာယာကေးမြို့မှာလည်း ဆန္ဒပြပွဲတွေ ကျင်းပခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top