လော့စ်အိန်ဂျယ်လိစ်က ဆေးရုံတွေအတွက် လက်သန့်ဆေးရည်ထုတ်မယ့် ကိုင်လီ ဂျန်နာ

2-4-2020-yyl-033.jpg

ကမ္ဘာ့အငယ်ဆုံးဘီလျံနာဖြစ်တဲ့ ရုပ်သံနာမည်ကျော် ကိုင်လီဂျန်နာဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝိုက်က ဆေးရုံတွေအတွက် လက်သန့်ဆေးရည်ကို သူ့ရဲ့Skincare တံဆိပ်ကနေ စတင်ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် ပြတ်လပ်နေတဲ့ ဘတ်တီးရီးယားပိုးတွေကို သတ်ပေးတဲ့ဂျယ်လ်တွေကို ကိုင်လီဂျန်နာနဲ့ သူ့ရဲ့မိခင် ခရစ်ဂျန်နာတို့က Kylie Skinကို ရင်းနှီးမြှုပ်နှံတဲ့ Coty ကနေတဆင့် ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။

လက်သန့်ဆေးရည်မှာ “ကျွန်တော်တို့ အဖွဲ့အစည်းအတွက် ရှေ့တန်းကနေ အလုပ်လုပ်ပေးနေတဲ့သူတွေကို ရည်ညွှန်းလျက်” ဆိုတဲ့စာသားလေးလည်းပါမှာဖြစ်ပါတယ်။ Kylie Skin ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လက်သန့်ဆေးရည်ကို Coty ကုမ္ပဏီရဲ့စက်ရုံတွေက ပြုလုပ်သွားမှာဖြစ်ပြီး Kylie Skin ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုကို အထိခိုက်ဖြစ်စေမှာမဟုတ်ဘူးလို့ အတည်ပြုပြောကြားထားပါတယ်။

လက်ရှိမှာ COVID-19 ကူးစက်ခံရမှုကို နှေးသွားစေဖို့ လူတွေနဲ့ခပ်ခွာခွာနေ နေတဲ့ကိုင်လီက ရှေ့တန်းတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်နိုင်ဖို့အတွက် ဒေါ်လာ (၁) သန်းကို မကြာသေးခင်က လှူဒါန်းခဲ့ပါသေးတယ်။

ကိုင်လီ ဂျန်နာ အဲဒီလို လှူဒါန်းခဲ့တယ်ဆိုတဲ့အကြောင်းကို သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာ သာအစ် အယ်လီယားဘာဒီ (Thais Aliabadi) ကလည်း “ကျွန်မ ပြောမပြတတ်လောက်အောင် ဝမ်းသာမျက်ရည်ကျမိပြီး ကျေးဇူးတင်စိတ်တွေ တဖွဖွပေါ်လာခဲ့ပါတယ်။ ကျွန်မတို့ရဲ့ရဲရင့်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်Masks တွေစုဆောင်းနိုင်ဖို့အတွက် ကျွန်မ ဆုတောင်းခဲ့ပါတယ်။ အခုတော့ ကျွန်မရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျွန်မရဲ့လူနာတွေထဲက တစ်ယောက်က Maskထောင်ပေါင်းများစွာနဲ့ မျက်နှာအကာအကွယ်ပစ္စည်းတွေ၊ အခြားအကာအကွယ်ပစ္စည်းတွေ ဝယ်ဖို့ ဒေါ်လာ (၁) သန်းလှူဒါန်းခဲ့တာပါ။

ရှေ့တန်းတိုက်ပွဲမဝင်ခင်မှာပဲ ဆေးရုံမှာ mask တော်တော်များများ ပျောက်နေတဲ့အတွက် ကျွန်မတို့ရဲ့ကယ်တင်ရှင်တွေဆီ တိုက်ရိုက်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်မတို့ နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ မင်းက ကျွန်မရဲ့ဟီးရိုးပါပဲ။ ဒီလှူဒါန်းမှုက အဖိုးတန်တဲ့အသက်တွေကို ကယ်တင်ဖို့ ကူညီပေးရာရောက်ပါတယ်။ ကျွန်မတို့ကမ္ဘာကြီးက မင်းနဲ့အတူ ရှိနေတဲ့ ကောင်းတဲ့နေရာတစ်ခုပါပဲ။ အရမ်းချစ်ပါတယ်။ သန်းချီလောက်အောင် ကျေးဇူးတင်ပါတယ်” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

Ref: Kylie Jenner’s skincare brand to produce hand sanitisers for hospitals

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top