COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကနေ ကာကွယ်နိုင်ဖို့ OPPO ရဲ့ စီစဉ်ဆောင်ရွက်ထားရှိမှုများ

IMG_3752.jpg

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါ လျှင်မြန်စွာ ကူးစက်ဖြစ်ပွားနေတဲ့အတွက် အားလုံး စည်းလုံးညီညွတ်စွာနဲ့ လိုအပ်တဲ့ ထောင့်နေရာစုံကနေ ပါဝင်ပြီး ကမ္ဘာကြီး ပြန်လည်ကျန်းမာလာစေရန် ကြိုးပမ်းဆောင်ရွက်နေကြရပါတယ်။ OPPO ကလည်း ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ပင်မဦးတည်ချက်များအနက်က တစ်ခုအဖြစ် အစဉ်အလေးထားဆောင်ရွက်ခဲ့ရာ အခုCOVID-19 ရောဂါနှင့် တွေ့ကြုံနေရသော အခြေအနေမှာလည်း ဝန်ထမ်းများနှင့် သုံးစွဲသူ Customer များရဲ့ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို အလေးထားပြီး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

OPPO မိသားစုဝင် ဝန်ထမ်းများရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဝန်ထမ်းတိုင်းအတွက် Mask များ၊ Hand Sanitizer များ လုံလောက်စွာ ပေးအပ်ထားခြင်းအပြင် မြန်မာနိုင်ငံသို့ ရောဂါစတင်မကူးစက်စဉ်ကပင် တတ်နိုင်သမျှ အိမ်မှာ နေ၍ အလုပ်လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးထားပြီး အလုပ်ကိစ္စနှင့် အပြင်သွားခြင်းကိုလည်း တတ်နိုင်သမျှ လျှော့ချစေကာ အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မှုကိုသာ အသုံးပြုကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။ မဖြစ်မနေ အလုပ်ဆင်းရန် လိုအပ်တဲ့အခြေအနေများတွင်လည်း အားလုံး လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရန် သတ်မှတ်ထားသော အကွာအဝေးမှ အလုပ်လုပ်ကိုင်စေခြင်း၊ သန့်ရှင်းရေးကို အထူး အလေးထား ဆောင်ရွက်ပေးခြင်း၊ Public Transportation ကို မသုံးစေဘဲ လိုအပ်သော Transportation အသုံးပြုခကို ထောက်ပံ့ခြင်းစတဲ့ ကာကွယ်မှုနည်းလမ်းများကို လုပ်ဆောင် ပေးသွားခြင်းဖြင့် ဝန်ထမ်းများ အဆင်ပြေပြေနဲ့ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်နိုင်ကြရန် ဆောင်ရွက်ထားပါတယ်။

ဝန်ထမ်းများနှင့် OPPOကို အစဉ်သဖြင့်ဝယ်ယူအားပေးကြတဲ့ Customer များရဲ့ကျန်းမာရေးကို အဓိကထား စဉ်းစားပြီး OPPO အရောင်း Centre များနှင့် Customer Service Centre များတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များနှင့်အညီ အရောင်းဆိုင်များမှာ နေ့စဉ် ပိုးသတ်ခြင်း၊ လိုအပ်တဲ့အကွာအဝေးမှ တစ်ဆင့်ရောင်းချကူညီပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ Hand Sanitizer များ လုံလောက်စွာထားရှိပေးထားခြင်း စတဲ့ သန့်ရှင်းရေးနှင့် ကာကွယ်ရေး နည်းလမ်းများကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက Smartphone သုံးစွဲသူများရဲ့ ကျန်းမာရေးကို အလေးထားသောအားဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ OPPO Customer Service Centre တိုင်းမှာ ဖုန်းကို ပိုးသတ်သန့်ရှင်းပေးတဲ့ Phone Santizing Machine များကိုလည်း OPPO တံဆိပ်ဖုန်းများသာမက မည်သည့်တံဆိပ် ဖုန်း ကိုင်ဆောင်သူမဆို အခမဲ့ လာရောက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ OPPO စမတ်ဖုန်းများကို အရောင်းဆိုင်သို့ ကိုယ်တိုင် မလာရောက်ဘဲ အိမ်တိုင်ရာရောက် ဝယ်ယူလိုသူများအတွက်လည်း shop.com.mm ရဲ့ OPPO Myanmar Flagship Store (https://www.shop.com.mm/shop/oppo/…) မှာ အွန်လိုင်းကတစ်ဆင့် ပို့ဆောင်ခပေးရန်မလိုဘဲ အဆင်ပြေချောမွေ့စွာ ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။

ဒီရောဂါဆိုးကြီးကနေ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းလုံး အလျင်အမြန် ပြန်လည်ကျန်းမာလာစေရန် လုပ်ဆောင်ကြရာမှာ OPPOက တတ်စွမ်းသမျှပါဝင်ကူညီနေပြီး OPPOရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်၊ ချစ်ခြင်းမေတ္တာတို့နှင့်အတူ အားလုံးနှင့် လက်တွဲ ဆောင်ရွက်မှုတို့ကနေ တစ်ဆင့် အမြန်ဆုံး ဒီရောဂါအန္တရာယ်မှ အောင်မြင်စွာ ကျော်လွှားနိုင်ရန် မျှော်လင့်လျက်ရှိတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top