ကမ္ဘာ့ဖလားဗိုလ်လုပွဲညက သူ့ရဲ့ခွေးလေးကို ကမ္ဘာ့ဖလားချန်ပီယံအသင်းခန့်မှန်းခိုင်းခဲ့တဲ့ စတီဖင် ချောင်

20-12-2022-yyl-78.jpg

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့ချန်ပီယံအသင်းအဖြစ် အာဂျင်တီးနားအနိုင်ရခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ကမ္ဘာဖလားပြိုင်ပွဲမပြီးခင်က ဘောလုံးဝါသနာရှင်တွေဟာ သူတို့ရဲ့တိရစ္ဆာန်လေးတွေကို ဘယ်အသင်းနိုင်မလဲဆိုတာကို ခန့်မှန်းခိုင်းခဲ့ကြတာပါ။ တချို့လူတွေက သူတို့ရဲ့တိရစ္ဆာန်လေးတွေကို အပျော်သဘောအနေနဲ့ ခန့်မှန်းခိုင်းကြတာပါ။ ဒီဇင်ဘာ ၁၈ ရက်နေ့၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲညက ဟောင်ကောင်မင်းသားကြီးစတီဖင်ချောင်ကလည်း သူ့ရဲ့ခွေးလေး ခီအိုကို အပျော်သဘောအနေနဲ့ အာဂျင်တီးနားအသင်းနဲ့ပြင်သစ်အသင်းကြား ကမ္ဘာ့ချန်ပီယံအသင်းကို ခန့်မှန်းခိုင်းခဲ့ပါသေးတယ်။

စတီဖင်ချောင်က သူ့အင်စတာဂရမ်မှာ ပုံ (၂) ပုံတင်ခဲ့တယ်။ ပထမတစ်ပုံမှာ သူ့ရဲ့ Shaolin Soccer ဟာသရုပ်ရှင်ထဲက ဂျာစီအင်္ကျီကို ခီအို ဝတ်ထားပြီး ခီအိုရှေ့မှာ အာဂျင်တီးနားနဲ့ပြင်သစ်အလံတွေ ရှိနေတာတွေ့ရပါတယ်။ အဲဒီပုံမှာ “ခီအို….ဒီည ဘယ်အသင်းကို လောင်းသင့်လဲ”ဆိုတဲ့ စကားပြောလေးရေးထားပါတယ်။

ဒုတိယပုံမှာတော့ “ဒီအသင်း…အကုန်လုံးအောလိုက်” ဆိုတဲ့စာသားနဲ့အတူ ခီအိုက အာဂျင်တီးနားအလံပေါ်မှာ သူ့လက်ကို ထိထားတာပါ။ စတီဖင်က ကပ်ရှင်မှာတော့ “မင်းကို ယုံတယ်…အကုန်အောပြီ”လို့ ရေးသားခဲ့တာပါ။ အဲဒီတုန်းက အင်စတာဂရမ်အသုံးပြုသူတချို့ဟာ ခီအိုရဲ့ခန့်မှန်းချက်ပေါ်မူတည်ပြီး လောင်းမယ်လို့တောင် ပြောခဲ့ကြတာပါ။ တစ်ယောက်ကဆိုရင် “ခီအိုက ပြင်သစ်ခွေးဘီလူးတစ်ကောင်ပါ။ ဘာလို့ အာဂျင်တီးနားကို ရွေးလိုက်တာလဲ”လို့ မေးခဲ့ပါသေးတယ်။

အဲဒီနေ့က စတီဖင်ဟာ အာဂျင်တီးနားကို လောင်းခဲ့လားဆိုတာ မသိရပေမဲ့ ဗိုလ်လုပွဲပြီးတဲ့နောက်မှာ အာဂျင်တီနားအနိုင်ရသွားတဲ့အတွက် သူ့ IG story မှာ မက်ဆီရဲ့ဓာတ်ပုံကို တင်ပြီး ပျော်ရွှင်ဝမ်းမြောက်နေခဲ့ပါတယ်။

Ref: 8daysSingapore “Stephen Chow’s Pet French Bulldog Predicted Argentina’s World Cup Victory”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top