အတွေးလွန်ခြင်းကိုတားဆီးပေးမယ့် ရိုးရှင်းတဲ့နည်းလမ်း (၄) သွယ်

11-Quotes-to-Remember-When-Youu2019re-Overthinking-2-758x426.jpg

မပျော်ရွှင်ရခြင်းရဲ့ အကြီးမားဆုံးသော အကြောင်းရင်းတွေထဲက တစ်ချက်က အတွေးလွန်ခြင်းကြောင့်ပါ။ အတွေးလွန်ခြင်းက တကယ့်လက်တွေ့မှာ ဖြစ်မလာနိုင်တဲ့ ပြဿနာတွေကို ဖန်တီးနေတာပါပဲ။

ကျွန်မတို့စိတ်ကူးထဲမှာ အတွေးလွန်နေမိတဲ့ ပြဿနာတွေဆိုတာ စိုးရိမ်ပူပန်မှုကို အခြေပြုတာတွေဖြစ်လို့ ဘာတစ်ခုမှ အကူအညီမဖြစ်စေပါဘူး။ ကြိုတင်ပူပန်တွေးတောတာက တစ်နည်းနည်းနဲ့ အထောက်အကူရမှာပါလို့ တွေးနေပေမဲ့ တကယ်တော့ ကိုယ့်စိတ်ကို ဒုက္ခပေးနေတာနဲ့တူပါတယ်။

အတွေးဆိုတာ စပြီးတွေးလိုက်တာနဲ့ ရပ်တန့်လို့မရတော့ပါဘူး။ ဒါကြောင့် အတွေးလွန်ခြင်းကိုရပ်တန့်ဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၄) သွယ်ပေးပါရစေ။

၁။ အတွေးဆိုးတွေရပ်တန့်ပြီး လက်ရှိမှာ အကောင်းတွေဖြစ်လာဖို့ပဲ အာရုံစိုက်ပါ

ကျွန်မတို့က အတွေးလွန်ခြင်းကို ခွင့်ပြုပြီး မကောင်းတဲ့ အတွေးတွေ ကိုလက်ခံထားတဲ့ အသိုက်အဝန်းလို ဖြစ်နေပါတယ်။ ပျော်ရွှင်စေပြီး ကျေးဇူးတင်စရာကောင်းတဲ့ အရာတွေအပေါ်မှာပဲ အာရုံထားရင် ကိုယ့်ရဲ့စိတ်ကို အကောင်းမြင်တွေးစေဖို့ သင်ကြားပေးရာ ရောက်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ ဒီလိုမျိုးကျင့်သားရအောင် ကျင့်ယူရမှာပါ။ ဒါဆိုရင် အတွင်းစိတ်မှာဖြစ်နေတဲ့ အမြင်ဆိုးတွေက ကြာရှည်မရှိတော့တာကြောင့် အတွေးလွန်တာတွေရပ်ပြီး အေးချမ်းမှုကို ခံစားရမှာပါ။

၂။ တစ်နေ့တာမှာ အေးချမ်းမှုရှိတဲ့ စကားလုံးတွေကို ထပ်ခါထပ်ခါပြောပါ

အတွေးလွန်ခြင်းအများစုက ဒီနေ့လုပ်စရာရှိတဲ့ အရာတွေ ၊ စိတ်ဆိုးရအောင် အခြားတစ်ယောက်က လုပ်လိုက်တာတွေ ၊ ကိုယ့်ကိုယ်ကို တန်ဖိုးကျတဲ့ အတွေးတွေတွေးတာရယ် ကြောင့်ဖြစ်တာပါ။ ဒါကြောင့် အနှုတ်သဘောဆောင်တဲ့ အတွေးတွေ မတွေးပါနဲ့။ စိတ်လှုပ်ရှားဒေါသထွက်လာတိုင်း “အသက်မှန်မှန်ရှူ” “စိတ်ထိန်းစိတ်ထိန်း” ၊ “ပေါ့ပေါ့ပါးပါး” ၊ “မေတ္တာထား” ဆိုတဲ့ စကားလုံးတွေကို မိမိကိုယ်ကိုပြောပေးပါ။

၃။ ပစ္စုပ္ပန်မှာပဲစိတ်ထားပါ

အလုပ်ပြီးတဲ့နောက် မနက်ဖြန်လုပ်စရာရှိတဲ့ အရာတွေ ၊ နောက်လအတွက်ပေးစရာရှိတဲ့ စရိတ်စကတွေ ၊ မတွေ့ကြုံရသေးတဲ့ အနာဂတ်အကြောင်း ဟိုဟိုဒီဒီ လျှောက်တွေးနေတာတွေရပ်ပါ။ ဒီလိုမျိုး တွေးလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ နာတာရှည်ရောဂါ တွေဖြစ်စေပါတယ်။ စိတ်လှုပ်ရှားရခြင်း အများစုက လက်ရှိပစ္စုပ္ပန်မှာ စိတ်မရှိဘဲ အနာဂတ်ကိုပဲ တွေးတောနေလို့ပါ။ ဒါကြောင့် အတွေးတွေမပြန့်ဖို့ စိတ်ကို ပစ္စုပ္ပန်မှာထားပါ။

၄။ သဘာဝကြီးကိုခံစားပါ

သဘာဝအလှတရားဆိုတာ ရှုပ်ထွေးနေတဲ့စိတ်ကို ငြိမ်သက်စေတဲ့ အကောင်းဆုံးသော နည်းလမ်းပါ။ စနေ၊ တနင်္ဂနွေအားလပ်ရက်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာ နေ့လယ်စာစားတဲ့ အချိန်ဖြစ်ဖြစ် အနီးအနားက ပန်းခြံတစ်ခုခုမှာ သွားရောက်အပန်းဖြေပါ။ မွန်းကျပ်မှုတွေ အရမ်းများလာတယ်လို့ ခံစားရတဲ့အခါ အားလုံးရဲ့အဝေးက လှပတဲ့ နေရာတွေဆီ ခရီးထွက်လိုက်ပါ။

အမှန်စင်စစ်ကတော့ ငြိမ်းချမ်းမှုဆိုတာ နှလုံးသားထဲမှာ ဖြစ်တည်နေပြီးသားပါ။ ဒါကို မေ့လျော့နေတဲ့စိတ်ကို ဖြေလျော့ပေးဖို့ အကောင်းဆုံးကူညီနိုင်တာက တရားထိုင်ခြင်းပါပဲ။ လွန်နေတဲ့အတွေးတွေကို ဘရိတ်အုပ်ပြီး စိတ်ရဲ့ငြိမ်းချမ်းမှုကို ရှာဖွေပါလို့ တိုက်တွန်းပါရစေ။

Ref: dreamyminds “4 Simple Ways to stop overthinking and find peace”
May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top