ကျောက်ပုစွန်တစ်ကောင်ရဲ့ ရဲရင့်တဲ့ စွန့်စားခန်း

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ဆိုင်မှာ ကျောက်ပုစွန်တစ်ကောင်ဟာ သူ့ရဲ့အသက်ဘေးကနေ လွတ်မြောက်အောင် ပွက်ပွက်ဆူနေတဲ့ စွပ်ပြုတ်အိုးထဲကနေ ထူးခြားပြောင်မြောက်စွာ ရုန်းထွက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ခြေလက်အင်္ဂါကို စွန့်လွှတ်ပြီး အသက်ဘေးက လွတ်မြောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့တဲ့ ကျောက်ပုစွန်တစ်ကောင်ရဲ့ အံ့ဩဖွယ် ဗီဒီယိုဖိုင်ကို ဂျီယူကီ (Jiuke) ဆိုသူက တရုတ်နိုင်ငံက လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Weibo မှာ တင်ခဲ့တာဖြစ်ပါတယ်။

ကျောက်ပုစွန်ဟာ သေဘေးအန္တရာယ်ကနေ လွတ်မြောက်အောင် ရုန်းထွက်ဖို့ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို သူကိုယ်တိုင် စွန့်လွှတ်ခဲ့တာဖြစ်ပြီး ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူ တစ်သန်းကျော်လောက်ကတော့ ဂျီယူကီကို ကျောက်ပုစွန်ရဲ့ အသက်ကို ကယ်ဆယ်ဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။

https://www.youtube.com/watch?v=7-1M9rfw4G8

“သူ့ကိုမစားပါနဲ့။ လွတ်မြောက်ဖို့ သူဘယ်လောက်ထိ ခက်ခက်ခဲခဲ လုပ်ခဲ့ရသလဲ ကြည့်စမ်းပါဦး” လို့ ကြည့်ရှုသူတစ်ဦးက ရေးသားသလို ဂျီယူကီက “ငါသူ့ကို အသက်ရှင်ခွင့်ပေးလိုက်ပါပြီ။ အိမ်ကိုယူသွားပြီး ကန်ထဲမှာ သေသေချာချာ မွေးထားမှာပါ” လို့ ပြန်ပြောပြခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကျောက်ပုစွန် အရင်းမြစ်တွေရှိတဲ့ နေရာဖြစ်ပြီး ဈေးကွက် ကြီးမားတာနဲ့အတူ ကျောက်ပုစွန်မွေးမြူခြင်းနဲ့ ကျောက်ပုစွန်ရောင်းချတဲ့ စားသောက်ဆိုင်တွေလည်း အများအပြား ရှိနေတာပါ။

နောက်ဆုံး ၁၀ နှစ်အတွင်း ကျောက်ပုစွန် ထုတ်ကုန်ဟာ ၃ဆ မြင့်တက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ မက်ထရစ်တန် ၂၆၅,၅၀၀ ကနေ ၂၀၁၆ ခုနှစ်မှာ ၈၅၂,၃၀၀ တန် အထိ မြင့်တက်ခဲ့ပါတယ်။

Ref : Metro “Crayfish cuts off its own claw to survive being boiled alive”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top