မျက်မှန်တပ်ရတဲ့ သူတွေဟာ ပုံမှန်ထက်ပိုပြီး အသိဥာဏ် မြင့်မားကြောင်း တွေ့ရှိ

3-7-2020-yyl-024.jpg

မျက်မှန်တပ်လေ့ ရှိတဲ့သူတွေဟာ မျက်မှန်လေးတပ်ထားမှ သူတို့ရဲ့ မျက်နှာပုံစံလေးနဲ့ ပိုမိုလှပ လိုက်ဖက်တယ်လို့ ခံစားရစေတာပါ။

အခုအခါ စူးစမ်းရှာဖွေသူတွေရဲ့ အဆိုအရ အမှန်တကယ်ကို မျက်မှန်တပ်ရတဲ့သူတွေဟာ အမြင်အာရုံကောင်းမွန်ပြီး မျက်မှန်တပ်စရာမလိုတဲ့ သူတွေထက် ပိုပြီး ဥာဏ်ကောင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

University of Edinburgh ရဲ့ စူစမ်းရှာဖွေလေ့လာသူတွေဟာ အမြင်အာရုံနည်းတဲ့သူတွေနဲ့ ဥာဏ်ရည်မြင့်မားလေ့ရှိခြင်းရဲ့ ဆက်စပ်မှုတွေကို ကမာ႓႕ အကြီးဆုံးလေ့လာမှုအဖြစ် သိမြင်ခြင်းနဲ့ဆိုင်တဲ့ လေ့လာမှုပြုလုပ်စဉ်မှာ သတိပြု တွေ့ရှိခဲ့ကြပါတယ်။

ဩစတေးလျ ဥရောပနဲ့ မြောက်အမေရိကမှ အသက် ၁၆ နှစ်ကနေ ၁၀၂ နှစ်အတွင်းရှိ လူပေါင်း ၃၀၀၄၈၆ ရဲ့ မျိုးရိုးဗီဇတွေရဲ့ တွေးခေါ်မှုတွေကို စမ်းသပ်ခဲ့ပါတယ်။ ဥာဏ်ရည်ပိုင်း စမ်းသပ်မှုမှာ အမှတ်မြင့်သူတွေရဲ့ ၃၀ ရာနှုန်းဟာ အမှတ်နိမ့်တဲ့သူတွေထက် မျက်မှန်လိုအပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

သိမြင်နားလည် တွေးခေါ်တတ်ခြင်းဟာ နှလုံးနဲ့ပတ်သတ်တဲ့ ကျန်းမာရေး ဆိုင်ရာတွေမှာလည်း အထောက်အကူပြုနေပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အယ်ဇိုင်းမား (Alzheimer) ရောဂါကို လေ့လာဖို့အတွက်ပါ အထောက်အကူ ပြုမယ်လို့ပါ ယုံကြည်နေကြပါတယ်။

သူတို့ဟာ မျိုးရိုးဗီဇ ၁၄၈ မျိုးဟာ မှတ်ဥာဏ်၊ အကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်ခြင်း၊ စိတ်ရဲ့ သိမြင်နိုင်ခြင်းဖြစ်စဉ်နဲ့ နားလည်သဘောပေါက်မှု အတိုင်းအတာတွေအပေါ် ဆက်စပ်နေတာ တွေ့ရှိခဲ့ပါတယ်။

Ref : Daily Mail “People who wear glasses really ARE smarter: Being highly-intelligent makes you 30% more likely to have genes for poor vision, say scientists”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top