သကြား လျော့စားလိုက်တာနဲ့ ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

44118671_281794856004378_2972302172684812288_n.jpg

ကျွန်တော်တို့ နေ့စဉ် စားသုံးနေတဲ့ အစားအစာတိုင်းလိုလိုမှာ သကြားဓာတ်က ပါနေလေတော့ ချက်ချင်းကြီး အပြီးဖြတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း သင့်မှာဖြတ်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် သကြားဖြတ်ခြင်းရဲ့ ရေရှည်နဲ့ ရေတို ကောင်းကျိုးလေးတွေကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးချင်ပါတယ်။

ပိုပြီးနုပျိုလာမယ်

ဆိုဒါတွေ၊ သကြားဓာတ်ပါတဲ့ အချိုရည်တွေကို လျော်သောက်လိုက်တယ်ဆိုတာနဲ့ အရေးအကြောင်းတွေနဲ့ အသားအရေ လျော့တွဲတာတွေက သိသိသာသာကို လျော့နည်းသွားတာပါ။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ သွေးတွင်း သကြားဓာတ် များပြားလာမယ်ဆို သင့်ရဲ့ အသားအရေက ကြမ်းတမ်းလာပြီး အသားအရေ မကောင်းတာမျိုးတွေဖြစ်လာနိုင်တယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။

ဗိုက်ပူတာကျသွားမယ်

အဆီဓာတ်နဲ့ အချိုဓာတ်ဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အဓိက တရားခံပဲဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်မှာပြုလုပ်ခဲ့တဲ့ Framingham Heart Study ဆိုတဲ့ လူအယောက် (၁,၀၀၀) ကျော်နဲ့ ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ သကြားဓာတ်ကို ပိုစားသုံးလေလေ အူ၊ အသည်း၊ အဆုတ်စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အဆီဓာတ်တွေ တိုးမြင့်လာလေလေ ဖြစ်တယ်လို့ ဆိုပါတယ်။

အားအင်ပိုပြည့်လာမယ်

သကြားဓာတ်မှာ ကာဘွန် ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်ဓာတ်တွေ စုပေါင်း ပါဝင်ပါတယ်။ နားလည်အောင် ပြောရမယ်ဆိုရင်တော့ အစာချေလွယ်ပြီး သွေးတွင်းကို လျင်မြန်စွာ ဝင်ရောက်ကာ အားအင်ပြည့်တင်းလာပြီး နိုးကြွားလာစေနိုင်တဲ့ဓာတ် တစ်မျိုးပါ။ သို့ပေမယ့် ဒီဓာတ်တွေ ကုန်သွားပြီဆိုရင်တော့ ချက်ချင်းဆိုသလို အားအင် ကုန်ခမ်းသွားနိုင်ပါတယ်။ ဒီအရာကို စွမ်းအားဖြည့် အချိုဖြည့် အချိုရည်တွေ အများကြီး သောက်တတ်သူတိုင်း ခံစားဖူးပါလိမ့်မယ်။ သောက်ပြီးပြီးချင်းတော့ နေ့မအိပ်၊ ညမအိပ် အလုပ်တွေ အများကြီး လုပ်နိုင်ပေမယ့် ကျချိန်ရောက်ပြီဆို ရင်တုန်ပမ်းတုန်တွေတောင် ဖြစ်ရတဲ့အထိပါပဲ။

အဝလွန်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်

ဝိတ်တက်ခြင်းနဲ့ သကြား စားသုံးမှုပမာဏ တိုက်ရိုက် ဆက်စပ်နေတဲ့အကြောင်းကို သုတေသနပေါင်းများစွာ ပြုလုပ်ခဲ့ကြပါတယ်။ (၁၉၉၇) ခုနှစ်ကနေ (၂၀၁၀) ခုနှစ်အတွင်း နိုင်ငံပေါင်း (၇၅) နိုင်ငံရဲ့ အဖျော်ယမကာ ပုံမှန် သောက်သုံးနေကြတဲ့ လူပေါင်း (၁၀၀) မှာ (၄.၈) ရာခိုင်နှုန်းလောက်က အဝလွန်နေကြပြီး နောက်ထပ် (၂.၃) ရာခိုင်နှုန်းလောက်က အဝလွန်တာထက် ပိုနေကြတယ်လို့ သိရပါတယ်။

သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှာဆိုရင် ကယ်လိုရီပမာဏ (၁၆) ရာခိုင်နှုန်း ပါရှိပါတယ်။ ကြည့်လိုက်ရင်တော့ သိပ်မများလှတဲ့ ပမာဏဆိုပေမဲ့ စားသောက်ကုန်တိုင်းမှာတော့ များစွာ ပါဝင်နေတာမို့ လျော့စားနိုင်လေ ကောင်းလေပါပဲ။

နှလုံးအားကောင်းလာမယ်

ပုံမှန်အားဖြင့် တစ်နေ့ သကြားဓာတ် (၁၇-၂၁)% စားသုံးသူတွေထက် (၂၁)% အထက် တစ်နည်းအားဖြင့် အလွန်အကျွံ စားသုံးသူတွေ နှလုံးကျန်းမာရေးကို ထိခိုက်လာစေ နိုင်ပါတယ်လို့ ဆိုပါတယ်။ မိမိ နေ့စဉ် စားသုံးနေတဲ့ အစားအသောက်တွေထဲ သကြားဓာတ် (၁၀)% လောက်သာ ထည့်ပြီး စားသုံးပေးခြင်းက အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Pinterest “ Really Good Things That Happen to Your Body When You Quit Sugar”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top