ခေါင်းဦးရေပြားကို နှိပ်နယ်ပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

professional-head-massage.jpg

ခန္ဓာကိုယ်အစိတ်အပိုင်းတွေတိုင်းမှာသွေးကြောလေးတွေရှိနေပါတယ်။ ဒီသွေးကြောလေးတွေကိုကောင်းမွန်စွာစီးဆင်းစေနိုင်ဖို့အတွက် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးက နှိပ်နယ်ပေးတာပါပဲ။ အခုတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ ဦးခေါင်းရဲ့ ဦးရေပြားကိုနှိပ်နယ်တာက ဘယ်လိုများကောင်းကျိုးတွေရစေနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေနော်။

ဦးရေပြားကိုနှိပ်နယ်တာကနေရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
ဦးရေပြားကိုနှိပ်နယ်ပေးတာက ရုပ်ပိုင်းဆိုင်ရာတင်မကပါဘူး။ စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပေးပါတယ်။

သွေးတိုးကျစေနိုင်တယ်

သွေးတိုးရောဂါက ကမ္ဘာပေါ်ကလူသန်းပေါင်းများစွာခံစားနေရတဲ့ရောဂါတစ်ခုပါ။သွေးတိုးရောဂါက အသံတိတ်လူသတ်သမားလို့တောင် အများကတင်စားထားတဲ့ရောဂါတစ်ခုပေါ့။သွေးတိုးရောဂါက ရုတ်တရက်နှလုံးအမောဖောက်တာကျောက်ကပ်ပျက်စီးတာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အညောင်းအညာလည်းပြေပြီး ကျန်းမာရေးအတွက်လည်းကောင်းတဲ့ ဦးရေပြားနှိပ်နယ်မှုကို စမ်းသပ်ကြည့်သင့်ပါတယ်နော်။

အိပ်မပျော်တာကို သက်သာစေနိုင်တယ်

အိပ်မပျော်တာ၊ အိပ်ရေးပျက်တာတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်တဲ့ အခြေအနေပါ။ ခေါင်းဦးရေပြားကိုနှိပ်နယ်ပေးမယ်ဆိုရင် ဦးရေပြားမှာသွေးစီးဆင်းမှုကောင်းမွန်စေပြီးကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တဲ့ညတွေကို နှုတ်ဆက်နိုင်ဖို့ ဦးရေပြားနှိပ်နယ်မှုခံယူပါ။

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်တယ်

ခေါင်းတစ်ခြမ်းကိုက်တာနဲ့ခေါင်းကိုက်ဝေဒနာတွေ သက်သာစေဖို့အတွက်လည်း ဦးရေပြားနှိပ်နယ်မှုက အထောက်အကူပြုပေးနိုင်ပါတယ်။ခေါင်ူးကိုက်ရတဲ့အကြောင်းအရငးတွေထဲမှာ အများစုက စိတ်ဖိစီးတာနဲ့ နာကျင်မှုဝေဒနာခံစားနေရတာတွေကြောင့်ပါ။ ဒါကြောင့်ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရမယ်ဆိုရင် ဦးရေပြားကို ခပ်ဖွဖွလေးနှိပ်နယ်ပေးပါ။

ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တယ်

ခန္ဓာကိုယ်က စွန့်ထုတ်မယ့် အညစ်အကြေးတွေကိုပြန်ရည်ကြောစနစ်ထဲမှာ သိုလှောင်ထားတတ်ပါတယ်။ ဦးရေပြားကိုနှိပ်နယ်ပေးဖြင်းက လည်ပင်းနားကိုသွေးကောင်းကောင်းစီးဆင်းအောင်လှုံ့ဆော်ပေးပြီး ကိုယ်တွင်း ကအဆိပ်အတော်ကတွေကို ဖယ်ရှားပေးပါတယ်။ ဒီလုပ်ငန်းစဉ်က ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးနိုင်ပါတယ်။

ဟော်မုန်းပမာဏကိုထိန်းညှိပေးတယ်

မနိုင်ဝန်တွေထမ်းတဲ့အခါ ခန္ဓာကိုယ်က စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကိုထုတ်လွှတ်ပါတယ်။ဟော်မုန်းတွေမညီမျှမှုက အိပ်မပျော်တာ၊ ပင်ပန်းတာတွေကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို ကင်းဝေးစေဖို့က စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တဲ့ ဦးရေပြားကိုနှိပ်နယ်ပေးမှုကိုလုပ်ဆောင်ပေးသင့်ပါတယ်။ ဦးရေပြားနှိပ်နယ်ပေးမှုက စွမ်းအင်တိုးစေပြီး နာကျင်မှုကိုလျော့ပါးစေနိုင်သလိုဟော်မုန်းမျှတအောင်လုပ်ဆောင်ပေးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာစေနိုင်ပါတယ်။

ကြွက်သားတွေနာကျင်မှုကို သက်သာစေနိုင်တယ်

ကြွက်သားတွေကို အလွန်အကျွံအသုံးပြုတာ၊ ကိုယ်နေဟန်ထား ပုံစံမမှန်တာတွေကို အချိန်ကြာမြင့်စွာ လုပ်ဆောင်မိတဲ့အခါ ကြွက်သားတွေတောင့်တင်းနာကျင်မှုကို ခံစားရနိုင်ပါတယ်။ အလေးအပင်တွေမတာကြောင့်လည်း ကြွက်သားနာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ ဒီဝေဒနာတွေကို အကောင်းဆုံးဖြေရှင်းဖို့က ဦးရေပြားကိုနှိပ်နယ်မှုခံယူတာပါပဲ။

အသက်ရှုလမ်းကြောင်းကိုကျန်းမာစေနိုင်တယ်

ဦးရေပြားကိုနှိပ်နယ်ပေးတာက ခန္ဓာကိုယ်ကိုပြေလျော့စေပြီး အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ထိပ်ကပ်နာ၊ ပန်းနာရင်ကျပ်တို့အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကို သက်သာစေနိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်သန်စေနိုင်တယ်

Woman enjoying Ayurvedic oil treatment for healthy hair

ဦးရေပြားကိုနှိပ်နယ်ပေးတာက ဆံပင်အမြစ်အိတ်တွေဆီကိုသွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးရေပြားကသွေးကြောလေးတွေကို ပွင့်စေနိုငပါတယ်။ ဒီအကျိုးဆက်ကတော့ ဆံပင်တွေကို လိုအပ်တဲ့ အာဟာရ ရစေပြီး ဆံပင်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ပုံမှန်နှိပ်နယ်ပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းထူထဲတဲ့ ဆံသားတွေကိုပိုင်ဆိုင်နိုင်မှာပါ။

အာရုံစိုက်နိုင်စွမ်းကောင်းစေတယ်

ဆီအသုံးပြုပြီး ဦးရေပြားကိုနှိပ်နယ်ပေးတာက စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို အားပြည့်စေတယ်

ဦးရေပြားနှိပ်နယ်ပေးမှုက စိတ်ရောကိုယ်ပါ လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပါတယ်။

ဒီလောက်ထိ အကျိုးကျေးဇူးတွေများနေမှတော့ အချိန်လေးပေးပြီး ဦးရေပြားကိုနှိပ်နယ်ပေးပါနော်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top