ရဟတ်ယာဉ်ပျက်ကျကွယ်လွန်ခဲ့တဲ့ ကိုဘေးဘရိုင်ယန်ရဲ့ ကျန်ရစ်သူဇနီးကို နစ်နာကြေး ဒေါ်လာ ၂၉ သန်းပေးဖို့ လော့စ်အိန်ဂျလိစ်ကောင်တီ သဘောတူ

1.3.2023-yyl-iamge-1.jpg

ရဟတ်ယာဉ်ပျက်ကျတဲ့မြင်ကွင်း ဓာတ်ပုံတွေကို ရဲတပ်ဖွဲ့က ဝေမျှခဲ့တဲ့ဖြစ်ရပ်အတွက် ဘတ်စကတ်ဘော စူပါစတား ကိုဘေးဘရိုင်ယန်ရဲ့ ကျန်ရစ်သူဇနီးသည်ကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၂၉ သန်းနီးပါး ပေးဖို့ လော့စ်အိန်ဂျလိစ်ကောင်တီက သဘောတူညီခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၆ ရက်က ကိုဘေးဘရိုင်ယန်နဲ့ သမီးဖြစ်သူ ဂျီယန်နာ၊ အခြားသူ ၇ ဦး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ငယ်ဟာ လော့စ်အိန်ဂျလိစ်မြို့မှာ ပျက်ကျခဲ့ပြီး ယာဉ်ပေါ်ပါသူအားလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိခဲ့တဲ့ လော့စ်အိန်ဂျလိစ်ကောင်တီ တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်ခဲ့ပြီး အရက်ဆိုင်မှာ အခြားသူတွေကို ပြခဲ့တာလို့ ဆိုပါတယ်။

လော့စ်အိန်ဂျလိစ်ကောင်တီက ကိုဘေးဘရိုင်ယန်ရဲ့ ဇနီးသည် ဗာနက်ဆာကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၂၈.၈၅ သန်းပေးဖို့ သဘောတူညီခဲ့ပြီး ဒီဖြစ်ရပ်မှာ ဇနီးနဲ့ သမီးကို ဆုံးရှုံးခဲ့ရသူ ခရစ္စချက်စတာကိုလည်း နစ်နာကြေး အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး ပေးအပ်ဖို့ သဘောတူညီခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်းမှာတော့ မတော်တဆမှု (သို့မဟုတ်) မှုခင်းဖြစ်ပွားရာနေရာတွေကို သွားရောက်ကြတဲ့ တာဝန်ကျအရာရှိတွေအနေနဲ့ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေကို ခွင့်ပြုချက်မယူဘဲ မရိုက်ကြဖို့ ကယ်လီဖိုးနီးယားပြည်နယ်က ဥပဒေထုတ်ပြီး တားမြစ်ခဲ့ပါတယ်။

Ref: LA agrees to pay Kobe Bryant widow almost $29m

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top