သတ္တုတွင်းမှာ အလုပ်လုပ်ခွင့်ရရန် အမျိုးသားအဖြစ် ဟန်ဆောင်ခဲ့သူ

01495165660phil.png.jpg

တန်စနီးယား နိုင်ငံက Pili Hussein ကို အမျိုးသမီးတစ်ဦးလို့ ပြောကြရင် ဘယ်သူမှ ယုံကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် သူမက သတ္တုတွင်းမှာ အလုပ် လုပ်ခွင့်ရဖို့အတွက် အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်နေထိုင်ခဲ့ပါတယ်။


ဒီအခြေအနေကို ရောက်အောင် တွန်းပို့ခဲ့တာက သူမ မိသားစုနဲ့ ခင်ပွန်းဖြစ်သူပါပဲ။ ငယ်စဉ်ကတည်းက မိသားစုပိုင် လယ်ယာ၊ စိုက်ခင်းတွေမှာ ယောက်ျားလေးတစ်ယောက်လို အလုပ်ကြမ်းတွေ လုပ်ခဲ့ရပါတယ်။ ဒါ့အပြင် ယောက်ျားဖြစ်သူကလည်း နှိပ်စက်တဲ့အတွက် အိမ်က ထွက်ပြေးခဲ့ရသူပါ။

ပညာမတတ်တဲ့သူမအတွက် ရွေးချယ်စရာက အလုပ်က များများစားစား မရှိပါဘူး။ Mererani ဆိုတဲ့ မြို့က သတ္တုတွင်းမှာ အမျိုးသားတစ်ဦးအသွင် ဟန်ဆောင်ပြီး ဝင်ငွေရဖို့ အလုပ်ကြမ်း လုပ်ပါတော့တယ်။ အပြုအမူ၊ အပြောအဆိုက ပိရိလွန်းလို့ ဘယ်သူကမှ သံသယမရှိကြပါဘူး။

ဒါပေမယ့် သတ္တုတွင်းမှာ မုဒိမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ မသင်္ကာဖွယ်ရှိတဲ့ အလုပ်သမားတွေထဲမှာ Pili Hussein တစ်ယောက်လည်း စစ်ဆေးခံရပါတယ်။ အမှုမှန်ပေါ်အောင် ကိုယ်ခန္ဓာကိုစစ်ဆေးဖို့လိုတဲ့ ဒီအချိန်မှပဲ သူမရဲ့ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောလိုက်ရတာပါ။

ရဲတွေက ဒီလျို့ဝှက်ချက်ကို ထုတ်ဖော်ပြောတာတောင် လူတွေက မယုံကြည်နိုင်ကြဘူးလို့ သူမက ဆိုပါတယ်။ အိမ်ထောင်ပြုမှပဲ လူတွေက ယုံကြည်သွားပါတော့တယ်။

ခုတော့ သူမက ကျောက်အောင်သွားတဲ့အတွက် သတ္တုတွင်းကုမ္ပဏီပိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေပါပြီ။ ပညာမတတ်တဲ့ဘဝမှာ အလုပ်ကြမ်းလုပ်ရတဲ့အတွက် သူမသမီးတွေကိုတော့ ကျောင်းထားမယ်လို့ သူမက ဆိုပါတယ်။

Ref: BBC news; I acted as a man to get work – until I was accused of rape 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top