ဓာတ်ခွဲလေ့လာချက်အရ ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်တွေမှာ COVID-19 ဗိုင်းရပ်စ်ကို သေစေနိုင်တဲ့ အာနိသင်ရှိကြောင်း အတည်ပြု

Untitled-2.png

Mundipharma ကုမ္ပဏီက ဘီတာဒိုင်း ပိုးသတ်ဆေး ထုတ်ကုန်တွေမှာ COVID-19 ရောဂါ ဖြစ်စေနိုင်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို သေစေနိုင်တဲ့ အာနိသင်ရှိတယ်လို့ စင်ကာပူနိုင်ငံက Duke-NUS Medical School မှာ ပြုလုပ်ခဲ့တဲ့ ဓာတ်ခွဲခန်း စစ်ဆေးမှုအရ အတည်ပြုနိုင်ခဲ့ပြီလို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါပြီ။ ဘီတာဒိုင်း ထုတ်ကုန် ပစ္စည်းတွေကို Mundipharma ကုမ္ပဏီက ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ MEGA LIFESCIENCES က တရားဝင် တင်သွင်းဖြန့်ချိလျက် ရှိပါတယ်။

ဓာတ်ခွဲစမ်းသပ်ချက်များအရ ဘီတာဒိုင်းက SARS-CoV-2 ဗိုင်းရပ်စ်ကို စက္ကန့် (၃၀) အတွင်း ၉၉.၉၉% သေစေနိုင်တယ်လို့ သိရပါတယ်။ စစ်ဆေးခဲ့တဲ့ ဘီတာဒိုင်း ပိုးသတ်ဆေး ထုတ်ကုန်များမှာ ဘီတာဒိုင်း ပိုးသတ်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၁၀%)၊ ဘီတာဒိုင်း သန့်စင်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၇.၅%)၊ ဘီတာဒိုင်း အာလုပ်ကျင်းဆေးနှင့် ခံတွင်းသန့်ဆေးရည် (ပိုဘီဒုန်း-အိုင်အိုဒင်း ၁.ဝ%)၊ ဘီတာဒိုင်း လည်ချောင်းနာသက်သာဖြန်းဆေး (ပိုဘီဒုန်း-အိုင်အိုဒင်း ဝ.၄၅%) တို့ ဖြစ်ပါတယ်။

အဲဒီ တွေ့ရှိချက်ကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က နာမည်ဂုဏ်သတင်း ကြီးမားတဲ့ ကူးစက်ရောဂါနှင့် ကုထုံးစာစောင် (Infectious Disease and Therapy Journal) မှာ ဖော်ပြခံခဲ့ရပြီး ဖြစ်ပါတယ်။

Duke-NUS မှာ စတင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုကို ပိုမို တိကျသေချာမှုရှိစေရန် မလေးရှားနိုင်ငံ၊ Malaya တက္ကသိုလ်က အပူပိုင်းဒေသ ကူးစက်ရောဂါများဆိုင်ရာ သုတေသနနှင့် သင်ကြားရေးစင်တာ (TIDREC) မှာ ဓာတ်ခွဲစမ်းသပ်မှု ထပ်မံပြုလုပ်ပြီး အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ပြုလုပ်တဲ့ စမ်းသပ်ချက်တွေအရ ဘီတာဒိုင်း အာလုပ်ကျင်းဆေးနှင့် ခံတွင်းသန့်ဆေးရည်မှာ ပါဝင်တဲ့ ပိုဘီဒုန်း-အိုင်အိုဒင်း ၁.ဝ% မှာ SARS-CoV-2 ဗိုင်းရပ်စ်ကို (၁၅) စက္ကန့်အတွင်း ၉၉.၉၉% အထိ ထိရောက်စွာ သေစေနိုင်ကြောင်း တွေ့ရှိရပါတယ်။ TIDRECရဲ့ စစ်ဆေးတွေ့ရှိချက်ကို ဗြိတိန် သွားဘက်ဆိုင်ရာစာစောင် (BDJ) က လက်ခံအတည်ပြုခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ အတည်ပြုစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာစောင်ကို ဗြိတိန် သွားဘက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ကိုယ်စား Springer Nature က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

အရင်ကလည်း ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်တွေမှာ ပါဝင်တဲ့ ပိုဘီဒုန်း-အိုင်အိုဒင်း (PVP-Iက ကိုရိုနာဗိုင်းရပ်စ် အပါအဝင် မားစ်ရောဂါ (MERS)၊ ဆားစ်ရောဂါ (SARS) လို ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားများစွာကို ထိရောက်စွာ သေစေနိုင်တယ်ဆိုတာကို စမ်းသပ်အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဘီတာဒိုင်း ပိုးသတ်ဆေးထုတ်ကုန်တွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှို အစရှိတဲ့ ရောဂါပိုးမွှား အမျိုးအစားများစွာကို ထိရောက်စွာ သေစေနိုင်တဲ့ ပိုဘီဒုန်း-အိုင်အိုဒင်း (PVP-I) ပါရှိပြီး ဆေးရုံ၊ ဆေးခန်းများမှာ ပုံမှန် အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top