၂၀၁၉ စစ်တမ်းအရ ပညာသင်ကြားဖို့ အကောင်းဆုံး ကမ္ဘာ့ထိပ်တန်းနိုင်ငံ (၁၀)နိုင်ငံ

feature-image.jpg

ပြည်ပ၌ပညာသင်ယူခြင်း နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူ အယောက်(၂၀,၀၀၀) ခန့်ကို စစ်တမ်းကောက်ယူ ခဲ့ရာတွင် တက်ရောက် သင်ကြားတဲ့ ဘာသာရပ် နဲ့တက္ကသိုလ် ထက် နိုင်ငံကို အရင်ဆုံး ရွေးချယ်ပြီး သွားရောက်ကြလေ့ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားသို့ ပညာသင်ယူဖို့သွား ရောက်ရာတွင် အရေးကြီးလှတဲ့အချက်များကို
သေချာစဉ်းစားဆုံးဖြတ်ပြီးမှ သွားရောက်ဖို့ လိုအပ်ပါ တယ်။ ဒီလိုစစ်တမ်း အပေါ်မူတည်ပြီး
အောက်ပါ (၁၀) နိုင်ငံ ပေါ်ထွက်လာခဲ့ပါတယ်။

အဆင့်သတ်မှတ်ရာတွင် အောက်ပါ အချက် (၇) ချက်ကို အခြေခံထားခြင်းဖြစ်တယ်။

၁။ ယဉ်ကျေးမှုအသစ်တွေကို အတွေ့အကြုံရယူရန်။
၂။အလုပ်အကိုင်အခွင့်အလမ်းကောင်း တိုးတက်ရန်။
၃။ စွန့်စားခန်း ရရှိရန်။
၄။ မိတ်ဆွေအသိများ ဖွဲ့ပြီး လုပ်ငန်းကွန်ယက်ချဲ့ထွင်ရန်။
၅။ အဆင့်မြင့် ပညာသင်ကြားရေးရရှိရန်။
၆။အခမဲ့သင်ကြားရေး ရရှိရန်။
၇။ဗီဇာရရှိရန် စသည်တို့ဖြစ်ပါတယ်။

၁။ နယူးဇီလန် (New Zealand)

ပညာသင်ကြားဖို့အကောင်းဆုံး နိုင်ငံ အဆင့် (၁) ရရှိထားပြီး နိုင်ငံခြားကျောင်းသား ၅၃,၀၀၀ဦးခန့် ရှိပါတယ်။ နိုင်ငံရဲ့ လူဦးရေကတော့ (၄.၅)သန်းခန့်ရှိပါတယ်။ နာမည်ကြီး ကီဝီသီးတွေ တင်မကပဲ အခြားသောအရာများစွာရှိပါသေးတယ်။ ခမ်းနားထည်ဝါတဲ့ တောတောင်ရေမြေ သဘာဝတရား တွေတည်ရှိရာအရပ်၊ သဲထိတ်ရင်ဖိုကောင်းလှတဲ့ လုပ်စရာ အပျော်အပါး အစီအစဉ်တွေနဲ့ အားကစားတွေ၊ The Lord of the Rings ဇာတ်ကားထဲကလိုသာယာလှပတဲ့ လမ်း ကြောင်း တွေစုံလင် ရာအရပ်လို့ လူသိများတယ်။ ဒီတင်မက ကမ္ဘာ့ထိပ်တန်း ပညာရေးကိုလည်း ရရှိနိုင်တယ်ဆိုတာ သင်သိပြီးပြီ လား။

နိုင်ငံအတွင်းက တက္ကသိုလ် (၈)ခုလောက်ဟာ ကမ္ဘာ့ထိပ်တန်း (၃%) ထဲမှာပါဝင်နေတဲ့ အလျောက် နယူးဇီလန်ဟာ ပညာရေးမှာ ထိပ်ဆုံးကနေ ရပ်တည်ဖို့ ထိုက်တန်ပါတယ်။ ဒါ့အပြင် အလုပ်အကိုင် အခွင့်အလမ်းမှာလည်း အဆင့် (၂) ရထားပြီး စွန့်စားခန်းရရှိမှုမှာလည်းအဆင့် (၆) ရထားပါတယ်။ ပညာသင်ကြားရင်းနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ အပန်းဖြေစရာတွေနဲ့
အားကစားတွေ လုပ်ဆောင်နိုင် ပါတယ်။ နှင်းလျှောစီးမလား၊ ရွက်လွင့်မလား၊ ဝေဟင်ခုန်ပျံမလား ဆိုပြီးလုပ်နိုင်ပါတယ်။ သင့်ရဲ့ စွန့်စားခန်း က နယူးဇီလန်က စတင်တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် သင့်အနေနဲ့ နယူးဇီလန်မှာ ကျောင်းတက်ချင်ရင်တော့ အောက်ပါလင့်ခ်ကို သွားရောက်နိုင်ပါတယ်။

https://www.educations.com/search/new-zealand

၂။ စပိန် (Spain)

အဆင့်သတ်မှတ်ချက် (၂) ဖြစ်ပြီး နိုင်ငံခြား ကျောင်းသား (၆) သောင်းခန့်ရှိပါတယ်။ နိုင်ငံရဲ့လူဦးရေ ကတော့ (၄၆.၇) သန်းရှိပြီး တကယ်တော့ ဥရောပ တိုက်အတွင်းပညာသင်ကြားဖို့ အကောင်းဆုံး အဆင့် (၁) ရထားပါတယ်။ သင့်ကို နိုင်ငံခြားကျောင်း တက်ချင်စိတ်ဖြစ်အောင် စပိန်ကဆွဲဆောင်နေမှာပါ။ ဒီလို နေထိုင်စရိတ် သက်သာပြီး ပညာရေးအဆင့်အတန်းမြင့်မားတဲ့အပြင် ပညာသင်ကြားဖို့ တက္ကသိုလ် ပေါင်း (၇၀) ကျော်ကို ရွေးချယ်နိုင်တဲ့ သမိုင်းဝင် ပြီး ရာသီဥတုကောင်းမွန်ခြင်းနဲ့ လှပတဲ့နိုင်ငံမှာ ကျောင်းတက်ဖို့ ရွေးချယ်ရခက်စေမှာအမှန်ပါပဲ။

ပညာသင်ခြင်းနဲ့ အခြားသောလုပ်စရာတွေ ပြတ်လပ်မှုမရှိအောင်ပါပဲ။ ဒါ့ကြောင့် စွန်းစားခန်းထွက်ဖို့ အဆင့် (၁)ထိုက်တန်ပြီး ယဉ်ကျေးမှု အတွေ့အကြုံရရှိဖို့အတွက်တော့ အဆင့် (၃) ချိတ်ပါတယ်။ လမ်းဘေး စပိန်ဟင်းလျာတွေ ကိုပဲ စားပြီး အချိန်ကုန်မလား၊ Picasso နဲ့ Gaudi တို့ရဲ့ အနုပညာလက်ရာတွေကိုပဲ တဝကြီး ခံစားမလား၊ Real Madrid နဲ့ Barcelona တို့ရဲ့ အိမ်ကွင်း ကစားမှုတွေကိုပဲ ကြည့်မလား စတဲ့ အတွေ့အကြုံများကို စပိန်မှာ ကျောင်းတက်ရင်းနဲ့ ဒီလိုအတွေ့အကြုံကောင်းတွေရမယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ကျောင်းတက်ဖို့ အောက်ပါလင့်ခ်ကို သွားရောက်လေ့လာနိုင်ပါတယ်။

https://www.educations.com/search/spain

၃။ ထိုင်း (Thailand)

ပညာသင်ကြားဖို့ အကောင်းဆုံး အဆင့် (၃) မှာရပ်တည်နေတာကတော့ ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ သင့်အနေနဲ့ အလည်အပတ်အကောင်းဆုံး နေရာလို့သိထားတဲ့ ထိုင်းနိုင်ငံဟာ သင့်အတွက် ပညာသင်ကြားဖို့ ကောင်းမွန်တဲ့နေရာ ဆိုရင်လည်းလက်ခံမလား။ စစ်တမ်းအရ အဆင့် ပညာသင်ကြားဖို့ (၃) ချိတ်ပြီး အာရှတစ်ခွင် ဆိုရင်တော့ အဆင့် (၁) ချိတ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုနဲ့ စွန်းစားခန်းရရှိနိုင်မှု မှာ တော့ အဆင့် (၈) ချိတ်လျက်ရှိပြီး ထိုင်းနိုင်ငံဟာလှပတဲ့ ကမ်းခြေတွေနဲ့ တည်းခိုးခန်းတွေအပြင် အခြားသော အကောင်းဆုံး အရာများကိုလည်းပေးစွမ်း နိုင်ပါသေးတယ်။ မြင်ယောင်ကြည့်လိုက်ပါ သင့်အနေနဲ့ ကျောင်းတက်ပြီး အားလပ်တဲ့ အချိန်တွေမှာ ရေပေါ်ဈေးတွေ ဆီသွားမလား၊ ခန်းနားထည်ဝါတဲ့ ဘုရားကျောင်းကန် တွေနဲ့ နန်းတော်တွေ ဆီကိုပဲ အလည်ထွက်ပြီး ဓာတ်ပုံတွေရိုက်ကြမလား စတဲ့အရာတွေကို လုပ်နိုင်ပါတယ်။

နေစရိတ်သက်သာပြီး အရသာကောင်းတဲ့ လမ်းဘေး အစားအစာတွေ၊ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များနဲ့ လှပသာယာတဲ့ ရာသီဥတုကို ခံစားနိုင်တဲ့ ထိုင်းနိုင်ငံမှာကျောင်းတက်ပြီး နေထိုင်မယ်ဆိုရင်တော့ အိမ်မက်တွေ တကယ်ဖြစ်လာ တယ်လို့သာ မှတ်ယူလိုက်ပါ။ ထိုင်းဟာ ဖော်ရွေပြီး အပြုံးပိုင်ရှင်တွေ ရှိတဲ့ နေရာလည်းဖြစ်တယ်။ ဘန်ကောက်မြို့တော်ရဲ့ ည ပွဲလမ်းသဘင် ကိုပဲခံစားမလား၊ တိတ်ဆိတ်ငြိမ်သက်ပြီး အသက်ရှုမှား လောက်တဲ့ Koh Samui ကမ်းခြေ ကိုပဲခံစားမလား စတဲ့ အရာများကို သင့်ဘဝမှာ တဝကြီးခံစားနိုင်ဖို့ လုံးဝအာမခံ ပါတယ်။ သင့်အနေနဲ့ ထိုင်းမှာ ကျောင်းတက်ချင်ရင်တော့ အောက်ပါလင့်ခ်မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။

https://www.4icu.org/th/

၄။ ကနေဒါ (Canada)

ကမ္ဘာ့အဆင့် (၄) ပညာသင်ကြားရေးအကောင်းဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံခြားကျောင်းသားပေါင်း(၂)သိန်း ခန့်ရှိပါတယ်။ နိုင်ငံရဲ့လူဦးရေကတော့ (၃၇) သန်းရှိပါတယ်။ ကမ္ဘာ့ ပညာတတ်အများစု နေထိုင်ရာနိုင်ငံဖြစ်တဲ့ ကနေဒါဟာ ထိပ်တန်း တက္ကသိုလ်များကို ဝင့်ကြွားစွာ ရရှိထားပြီး သင်ကြား ရေးမှာ လည်း အဆင့် (၄) ချိတ်ကာ အလုပ်အကိုင် အခွင့်အလမ်း အတွက်တော့ အဆင့် (၈) ချိတ်ပါတယ်။ ကျောင်းပြင်ပမှာတော့ Niagara Falls ရေတံခွန်များကို တဝကြီးခံစားမလား၊ အမျိုးသား ဥယျာဉ်များ ကိုပဲလည်ပတ်မလား၊ Churchill ရှိ ဝန်ရိုးစွန်း ဝက်ဝံလေးတွေကိုပဲ ကြည့်ရှုမလား ဆိုတာကို ပြုလုပ်နိုင်ပါတယ်။ လူမျိုးစုံပြီး မတူကွဲပြားမှုကို လေးစားတန်ဖိုးထားတဲ့ ကနေဒါမှာ ပညာသင်ကြား ဖို့အတွက် သဟဇာတ ဖြစ်ဖို့လွယ်ကူလှပြီး ဒေသခံတွေ လို အဆင့်မြင့်မြင့်နဲ့နေထိုင်နိုင်မှာ ဖြစ်တယ်။ ကနေဒါဟာ နေထိုင်မှုနဲ့ ပညာသင်ကြားရေးမှာ အကောင်းဆုံး နိုင်ငံအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိ အမှတ်ပြု ထားလို့ သင်ဘာတွေကို စောင့်ဆိုင်းနေမှာလဲ…။ ပညာသင်ကြားဖို့အတွက် အောက်ပါလင့်ခ်မှာ အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါတယ်။

https://www.educations.com/search/canada

၅။ မက္ကဆီကို (Mexico)

အဆင့်သတ်မှတ်ချက် (၅) ဖြစ်ပြီး နိုင်ငံတကာ ကျောင်းသား ပေါင်း (၁၂,၀၀၀) ခန့်ရှိပါတယ်။နိုင်ငံရဲ့လူဦး ရေကတော့ (၁၂၃.၆) သန်းရှိပါတယ်။ မက္ကဆီကို နိုင်ငံဟာ စဉ်ဆက်မပြတ် ခရီးသွား လည်ပတ်သူတွေနဲ့ ပြည့်နှက်နေတဲ့နိုင်ငံဖြစ်တယ်။ ဘယ်အချက်တွေ ကြောင့်လဲဆိုတော့ နေထိုင်စရိတ် သက်သာမှု၊ ရာသီဥတုကောင်းမွန်မှု နဲ့ ဒေသခံတွေရဲ့ဖော်ရွေမှု တွေကြောင့်ဖြစ်ပါတယ်။ ပညာသင်ကြားဖို့နဲ့ နေထိုင်ဖို့ ကောင်းမွန်ပြီး မိတ်ဆွေ အပေါင်းအသင်း ဖွဲ့နိုင်မှုမှာလည်း အဆင့် (၁) ချိတ်ပါတယ်။ ဒါ့အပြင်စွန့်စား ခန်းတွေတဝကြီး လုပ်နိုင်လို့ အဆင့် (၃) ချိတ်ပြန်ပါသေးတယ်။ Aztecs နဲ့ Mayans တို့ရဲ့ ရှေ့ဟောင်းယဉ်ကျေးမှု လျို့ဝှက်ချက် များကို လေ့လာနိုင်ပြီး ခေတ်သစ်ယဉ်ကျေးမှုနဲ့ အနုပညာ လက်ရာအမွေ အနှစ်များကိုလည်း တဝကြီးခံစားနိုင်ပါတယ်။

ယဉ်ကျေးမှုအရ ကမ္ဘာ့အဆင့် (၁၀) ချိတ်လို့ သင့်အနေနဲ့ စိတ်ပျက်မှုမရှိစေရပါဘူး။ မြို့ပြင် များမှာလည်း UNESCO အသိအမှတ်ပြု ရှေ့ဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာ ဒေသ ပေါင်း (၃၅) နေရာကိုလည်း ခံစားနိုင်ပါသေးတယ်။ ဒါ့အပြင် များစွာသော တောင်တက်ခရီးများ၊ ပင်လယ်ကမ်းခြေများ နဲ့ အမြဲစိမ်းတောများကိုလည်း လေ့လာလည်ပတ်နိုင်ပါတယ်။ ဒီလိုရခဲတဲ့ အတွေ့အကြုံကိုအခွင့်ကောင်းယူပြီး ဘာသာစကား အသစ် များသင်ကြားခြင်း နဲ့ အရသာကောင်းတဲ့Enchilada အစားအစာများနဲ့ Dia de Los Muertos ရိုးရာပွဲများကိုလည်း တွေ့ကြုံခံစားနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မေ့မရနိုင်တဲ့ အမှတ်တရများစွာကို ကျောင်းတက်ရင်းနဲ့ ရယူချင်တယ် ဆိုရင်တော့ မက္ကဆီကိုမှာ ပညာသင်ကြားဖို့ တိုက်တွန်းပါရစေ။ အောက်ပါလင့်ခ်တွင် အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။


https://www.topuniversities.com/where-to-study/latin-america/top-10-universities-mexico-2019

၆။ ကော့စတာရီကာ (Costa Rica)

နိုင်ငံခြားသားကျောင်းသား (၂၀၀၀) ခန့်ရှိပြီး စစ်တမ်းအရ အဆင့် (၆) တွင်ရပ်တည်နေတဲ့ကော့စတာရီကာဟာ တောတောင်များနဲ့ ပြင်းထန်သော အားကစား များကိုလည်းလေ့လာတွေ့ ရှိနိုင်ပါတယ်။ နိုင်ငံရဲ့လူဦးရေးကတော့ (၄.၈) သန်းသာရှိပါတယ်။ နိုင်ငံအနေနဲ့ စွန့်စားခန်း ရရှိနိုင်မှု အဆင့် (၂) တွင်ရှိပြီး မိတ်ဆွေဖွဲ့နိုင်မှုဟာလည်း အဆင့် (၂) တွင်ရှိနေပါတယ်။ ကော့စတာရီကာဟာ ငြိမ်းချမ်းတက်ကြွပြီး ကမ္ဘာ့အပျော်ရွင်ဆုံး နိုင်ငံသားများနေထိုင်ရာ ထင်ရှား တဲ့နိုင်ငံဖြစ်ပါတယ်။ အရသာရှိတဲ့ ကော်ဖီများကိုထုတ်လုပ်ပြီး ရိုးရှင်း လူနေမှုဘဝများကိုလည်း ခံစားနိုင်မှာဖြစ်တယ်။ အဆင့်တန်း ရှိတဲ့ တက္ကသိုလ်ပေါင်း
(၆၀) ကျော်ကိုရွေးချယ်တက်ရောက် နိုင်ပါတယ်။ နေထိုင်စရိတ်သက်သာပြီး နိုင်ငံအတွင်းက လူအများကလည်း ပညာရေးကို အား ပေးကြပါတယ်။ တကယ်တော့ ပညာသင်ကြားဖို့ ကောင်းတဲ့နိုင်ငံတစ်ခုပါပဲ။ အသေးစိတ်ကိုအောက်ပါလင့်ခ်တွင်လေ့လာနိုင်ပါတယ်။

https://www.topuniversities.com/where-to-study/latin-america/costa-rica/guide

၇။နယ်သာလန် (Netherlands)

အဆင့် (၇) ချိတ်တဲ့ ပညာသင်ကြားဖို့ကောင်းတဲ့ နယ်သာလန်နိုင်ငံမှာ နိုင်ငံခြားကျောင်းသား
(၈၂,၀၀၀) ခန့်ရှိပါတယ်။ နိုင်ငံရဲ့လူဦးရေကတော့ (၁၇.၂) သန်းခန့်ရှိပါတယ်။ ပညာ သင်ကြားရေးမှာ ကမ္ဘာ့ အဆင့် (၃) ချိတ်ပြီး အလုပ်ကိုင်အခွင့်အလမ်း မှာတော့ အဆင့်(၄) ချိတ်ပါတယ်။ နိုင်ငံသေးငယ်သော်လည်း ကမ္ဘာ့ တက္ကသိုလ် စာရင်း (၁၀၀) တွင်နယ်သာလန်ရဲ့ တက္ကသိုလ် (၈) ခုဟာ နေရာဝင်ယူနေတဲ့ အတွက်ကြောင့် အလွန်မှ အောင်မြင်မှုရရှိနေတယ်လို့ ဆိုရမှာပါ။ အင်္ဂလိပ်ဘာသာဖြင့် တက္ကသိုလ် program ပေါင်း (၂၀၀၀) ခန့်ရှိပြီး မိမိနှစ်သက်လိုရာ ရွေးချယ်သင်ကြားနိုင်ပါတယ်။

ဒါ့အပြင် ကျောင်းသားအခြေပြု ပညာရေးဖြစ်လို့ ဘဝအတွက် အမှန်တကယ်လိုအပ်တဲ့ စွမ်းရည်များကို လည်းရရှိနိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာမှ ကျောင်းသား များစွာ ပညာသင်ယူနေပြီး ပျော်ရွင်စရာကောင်းတဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းများရှိရာ နိုင်ငံဖြစ်တယ်။ ကျောင်းပြီး ဘွဲ့ရ တဲ့ ကျောင်းသားများလည်း နေရပ်သို့မပြန်ကြပဲ နယ်သာလန်၌ဆက်လက်နေကြလေ့ရှိတယ်။ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့အပြင် အကြောင်းမှာ နှစ်သက်စရာကောင်းလှတဲ့ ပွဲတော်များ၊ ထင်ရှာ ကျော်ကြားတဲ့ ဒတ်(ချ်) လူမျိုး ပန်းချီပညာရှင်များ Rembrandt နဲ့ Van Gogh တို့ရဲ့အနုပညာလက်ရာများစွာနဲ့ ဒတ်(ချ်) တို့ရဲ့ ကျန်းမာပြီး တိုးတက်လှတဲ့ လူနေမှုဘဝကိုနှစ်သက်ကြကြောင်းတွေ့ရပါတယ်။ နယ်သာလန်တွင် ပညာသင်ကြားလိုပါက အောက်ပါလင့်ခ်တွင် ဝင်ရောက်စုံစမ်းနိုင်ပါတယ်။

https://www.educations.com/search/the-netherlands

၈။ ဆွစ်ဇာလန် (Switzerland)

စစ်တမ်းအရ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၈) ဖြစ်ပြီး နိုင်ငံခြားကျောင်းသား (၅၀,၀၀၀)ခန့် ရှိပါတယ်။ လူဦးရေအားဖြင့် (၈.၅) သန်းခန့်ရှိပြီး ဆွစ်ဇာလန်မှာ ပညာသင်ကြားပြီးကမ္ဘာ့ အပျော်ရွင်ဆုံးနိုင်ငံသား များနဲ့ ယှဉ်တွဲနေထိုင်ကြပါစို့။ ပညာသင်ကြားရေးမှာ အဆင့်(၂) ချိတ်ပြီး အလုပ်ကိုင်အခွင့်အလမ်းမှာ တော့ အဆင့် (၆) ချိတ်ထားပါတယ်။ နိုင်ငံသာသေးငယ်ပေမယ့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် (၂)ခုဟာ ဆွစ်ဇာလန်မှာတည်ရှိပါတယ်။ ကျောင်းစာသင်ခန်းထဲတွင် ဝေဖန်ပိုင်းခြားနည်းများ၊ အပြန်အလှန် ဆွေးနွေးခြင်းများ နဲ့ စကားရည်လုပွဲ တွေဟာ အရေးကြီးတဲ့ နေရာကနေပါဝင်နေပြီး ကျောင်းသား တွေအတွက်လည်း လုပ်ငန်းခွင်တွင်း လိုအပ်တဲ့ စွမ်းရည်များကို ပေးစေပါတယ်။ ကျောင်းပြင်ပတွင်လည်း ဆွစ် နှင်းတောင်တန်းများတွင် နှင်းလျှောစီးနိုင်ပြီး ပုံပြင်ထဲက ရဲတိုက်များကို ခံစားနိုင်ပြီးအရသာအရှိဆုံး ချောကလက်များကိုလည်း စားသုံးနိုင်ပါသေး တယ်။ ဒီလို ရင်သပ်ရှုမောဖွယ် ကောင်းပြီး၊ လုံခြုံပြီး ချိန်မြန်မှုတွေရှိတဲ့ ဆွစ်ဇာလန်မှာ ပညာသင်ကြားစို့လား။ ပညာသင်ကြားဖို့ အောက်ပါလင့်ခ်တွင်းစုံစမ်းနိုင်ပါတယ်။

https://www.educations.com/search/switzerland

၉။ ပြင်သစ် (France)

ပြင်သစ်နိုင်ငံဟာ ပညာသင်ကြားဖို့အကောင်းဆုံးမှာ အဆင့် (၉) ချိတ်ပါတယ်။ နိုင်ငံခြားကျောင်း သားဦးရေ (၂၆၀,၀၀၀) ခန့်ရှိပြီး နိုင်ငံရဲ့ လူဦးရေကတော့ (၆၇.၃) သန်းရှိပါတယ်။ ဖက်ရှင်နဲ့ ဒီဇိုင်း မှာ နာမည်ကျော်ကြားပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ French Riviera ကမ်းရိုးတန်း ကိုခံစားနိုင်ပါတယ်။ ဆက်လက်ပြီး ကြည်နူးဖွယ်ကောင်းတဲ့ ရှေးဟောင်း Notre-Dame ဘုရားကျောင်း (ယခင်မီး လောင်မှုဖြစ်ပွားခဲ့ပြီး ဒီဇိုင်းတူပြန်လည်တည်ဆောက်) ကိုလည်း တွေ့မြင်နိုင်မှာဖြစ်တယ်။

ဂုဏ် သိက္ခာကြီးမားပြီး ပညာရေးထိပ်တန်းရောက်နေတဲ့ ပြင်သစ်မှာ ကျောင်းပေါင်း (၃၅၀၀) ကျော်ထဲ တွင် လည်းရွေးချယ် တက်ရောက်နိုင်ပါတယ်။ နိုင်ငံတကာက ကျောင်းသား များဟာလည်း သမိုင်းဝင်ပြီး ဆွဲဆောင်မှုရှိတဲ့ ပြင်သစ်မှာ ပညာသင်ယူချင်နေကြပါတယ်။ ယဉ်ကျေးမှုမှာ အဆင့် (၃)ချိတ်ပြီး စွန်းစားခန်း ရရှိမှုကတော့ အဆင့် (၁၁)ဖြစ်ပါတယ်။ ဆီးနှင်းတောင်တန်း မှ သည် ကမ်းခြေ မြို့ Cannes အထိတဝကြီး ရှုမြင်ခံစားနိုင်မယ်။ သင့်အနေနဲ့ ပညာသင်ကြားဖို့အစီစဉ်ရှိပါက အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.educations.com/search/france

၁၀။ သြစတြေးလျ (Australia)

ပညာသင်ကြားမှုအကောင်းဆုံး အဆင့် (၁၀) ချိတ်ပြီး နိုင်ငံခြားကျောင်းသားဦးရေ (၂၇၀,၀၀၀) ခန့်ရှိပါတယ်။ နိုင်ငံရဲ့လူဦးရေကတော့ (၂၅.၁)သန်းရှိပါတယ်။ နာမည်ကြီး အစားအစာ Vegemite ၊ သားပိုက်ကောင်၊ သြစတြေးလျ ဝက်ဝံ များကိုတွေ့မြင်နိုင်ပါတယ်။
နိုင်ငံ ရဲ့ တက္ကသိုလ် (၆) ခုသည် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် (၁၀၀) တွင် ပါဝင်ပါတယ်။
ထို့ကြောင့် ပညာရေးတွင် ကမ္ဘာ့အဆင့် (၄) ချိတ်ပါတယ်။

ကျောင်းပြင်ပတွင်လည်းကျောင်းသားများ လုပ်စရာ များစွာရှိပါတယ်။ မြို့ကြီး များဖြစ်တဲ့ ဆစ်နီ၊ မဲလ်ဘွန်း၊ ဘီလ်းဘင်မြို့ ပြင်ပမှာတော့ အမြဲစိမ်းတော နဲ့ ကန္တာရ မှသည် နှင်းတောင်နဲ့ ရေအောက် ဂေဟစနစ်များက မြေပေါ်မြေအောက် သတ္တဝါများအတွက် နေထိုင်ကျက်စားရာ နေရပ်ဖြစ်ပါတယ်။ စွန်းစားခန်း ရရှိနိုင်မှုကတော့အဆင့် (၇) ချိတ်ပါတယ်။ လူသူပေါက်ရောက်မှုနည်းတဲ့ နေရပ်များသို့ ခရီးနှင်ခြင်း၊ ကမ်းခြေတဝိုက် ကားစီးခြင်း၊ သန္တာကျောက်တန်းများဆီ ရေငုပ်ခြင်း စတဲ့ လူအများအတွက်စိတ် ဝင်စားဖွယ်ကောင်းတဲ့ အရာများစွာပြုလုပ်နိုင်ပါတယ်။ အောက်ပါလင့်ခ်တွင် ဝင်ရောက်လေ့ လာနိုင်ပါတယ်။

https://www.educations.com/search/australia

Ref: Top 10 Study Abroad Countries in the World-2019 Rankings (Educations.com)

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top