သားဖြစ်သူဘရွတ်ကလင် စေ့စပ်လိုက်လို့ ဂုဏ်ပြုစကားဆိုခဲ့တဲ့ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘတ်ခမ်း

14-7-2020-yyl-010.jpg

ပြီးခဲ့တဲ့ပိတ်ရက်က နာမည်ကြီးဘောလုံးသမားဟောင်း ဘတ်ခမ်းတို့မိသားစုရဲ့ ပျော်ရွှင်စရာ အချိန်အခါလေးဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ဘတ်ခမ်းနဲ့ ဗစ်တိုးရီးယားဘတ်ခမ်းတို့ရဲ့ သားဖြစ်သူ ဘရွတ်ကလင် ဘတ်ခမ်းက သူ့ချစ်သူမင်းသမီးချော နီကိုလာ ပတ်ဇ်နဲ့ စေ့စပ်လိုက်လို့ပါပဲ။ သူတို့(၂) ဦးစေ့စပ်လိုက်ပြီးလို့ ကြေညာပြီးတဲ့နောက်မှာတော့ ဒေးဗစ်နဲ့ဗစ်တိုးရီးယားဘတ်ခမ်းတို့က အင်စတာဂရမ်မှာ သူတို့သားရဲ့ ပျော်ရွှင်စရာသတင်းနဲ့ပတ်သက်ပြီး ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

အင်စတာဂရမ်မှာ ဖေဖေဒေးဗစ်ဘတ်ခမ်းက သူ့သမီးလေး ဟာပါ ဘတ်ခမ်းရိုက်ထားတဲ့ စုံတွဲစေ့စပ်တဲ့ပုံလေးနဲ့အတူ “ဒီလှပချောမောတဲ့လူနှစ်ယောက်အတွက် ဂုဏ်ယူပါတယ်။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ခရီးကို အတူတကွ လျှောက်လှမ်းရတော့မှာဖြစ်တဲ့အတွက် သားတို့အတွက် အဖေတို့ အရမ်းပျော်ရွှင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။ မေမေဗစ်တိုးရီးယားကလည်း သူ့သားစေ့စပ်တဲ့သတင်းကို စိတ်လှုပ်ရှားစွာနဲ့ ဂုဏ်ပြုခဲ့ပါသေးတယ်။ “စိတ်လှုပ်ရှားစရာ အကောင်းဆုံးသတင်းပါပဲ။ သားတို့ လက်ထပ်တော့မှာဖြစ်တဲ့အတွက် အမေတို့ ပိုပြီးမပျော်ရွှင်နိုင်ပေမယ့် ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ အမေတို့အားလုံး နှစ်ယောက်လုံးကို ချစ်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားကာ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

နီကိုလာရဲ့စေ့စပ်လက်စွပ်နဲ့ပတ်သက်ပြီး The Pearl Source ရဲ့ လီယွန် ရီဘီဘိုက “ထူးခြားတဲ့လက်ဝတ်လက်စား စတိုင်ဖြစ်ဖို့ စိန်ပွင့်တွေက (၅) ကာရက်လောက်ရှိပါတယ်။ ကျောက်အရိုင်းတုံးနဲ့ အဲဒီအရည်အသွေး၊ အရွယ်အစားရအောင် လိုချင်လဲ သေချာပေါက်ရပါတယ်။ လက်စွပ်ကွင်းရဲ့ရိုးရှင်းမှုက ကျောက်တုံးတွေကို ကြယ်ဖြစ်စေတဲ့အပြင် စိန်တွေက ဘယ်တော့မှာ စတိုင်ရိုးသွားမှာ မဟုတ်ဘူးဆိုတာပါပဲ”လို့ ပြောပါတယ်။ စေ့စပ်ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက ဗစ်တိုရီးယားဘတ်ခမ်းဒီဇိုင်း ထုတ်ထားတဲ့ဝတ်စုံလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဝတ်စုံကို ဒေါ်လာ ၉၈၀ နဲ့ ရောင်းချပါတယ်။

ဘရွတ်ကလင် ဘတ်ခမ်းက မော်ဒယ်မင်းသမီး နီကိုလာ ပတ်ဇ်နဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ စတွဲခဲ့ကြတာပါ။ ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာ သူတို့စုံတွဲက အင်စတာဂရမ်မှာ အတည်အလင်း ကြေညာခဲ့ပါတယ်။ အင်စတာဂရမ်မှာ စေ့စပ်တဲ့သတင်းနဲ့ပတ်သက်ပြီး ဘရွတ်ကလင် မျှဝေထားတာက “လွန်ခဲ့တဲ့ နှစ်ပတ်က ကျွန်တော့်ကို လက်ထပ်ဖို့ ကျွန်တော့်လက်တွဲဖော်ကို ခွင့်တောင်းခဲ့တာ။ သူက “Yes” လို့ ပြောတော့ ကျွန်တော်က ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအမျိုးသားပါပဲ။ တစ်နေ့မှာ အကောင်းဆုံးခင်ပွန်းနဲ့ အကောင်းဆုံးအဖေဖြစ်ဖို့ ကတိပေးပါတယ်။ ချစ်တယ်…ဘေဘီ” ဆိုတာပါပဲ။

Ref: David and Victoria Beckham Celebrate Brooklyn Beckham’s Engagement to Nicola Peltz

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top