လူ့အခွင့်အရေးခေါင်းစဉ်တပ်ပြီး အပြုသဘောမဆောင်တဲ့ ဖိအားပေးမှုတွေက ကောင်းမွန်တဲ့ ပြောင်းလဲမှု တွေကို လှုံ့ဆော်ပေးနိုင်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်တဲ့သတင်း

yyl-014-10.jpg

မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးခေါင်းစဉ်တပ်၍ အပြုသဘောမဆောင်သည့် ချဉ်းကပ်မှုများ၊ ခွဲခြား ပြုမူမှုများ၊ ဒဏ်ခတ်အရေးယူမှုများနှင့် လွန်ကဲသည့် ဖိအားပေးမှုများသည် ကောင်းမွန်သည့် ပြောင်းလဲမှုများကို လှုံ့ဆော်ပေးနိုင်ရန် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားသည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အဦတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ပြုလုပ်သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးပွဲ၊ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး အဖွဲ့(FFM)၏ မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ပြောကြားခြင်းသည် မြန်မာနိုင်ငံအပေါ် အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြုသဘော မဆောင်သည့် ဝေဖန်သုံးသပ်ပြောကြားမှုများနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့၏ မျှတမှုမရှိသည့် အစီရင်ခံစာ တို့နှင့်ပတ်သက်၍ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးမှု များပေးရန် နိုင်ငံတကာအသိုက်အဝန်းကိုလည်း ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top