လောရင့်အန်သိုနီ (Lawrence Anthony) ဆိုတာ တောင်အာဖရိကနိုင်ငံမှ ကမ္ဘာကျော် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးသမားဖြစ်ပြီး “The Elephant Whisperer” လို့ လူသိများ ထင်ရှားပါတယ်။
သူဟာ တောင်အာဖရိကနိုင်ငံမှာ Thula Thula တောရိုင်းတိရစ္ဆာန်ဂေဟာကို တည်ထောင်ခဲ့ပြီး လူတွေကို ရန်ပြုလို့ သတ်မိန့်ချမှတ်ခံထားရတဲ့ ဆင်ရိုင်းတစ်အုပ်ကို ကယ်ဆယ်ကာ ယဉ်ပါးလာစေခဲ့သူပါ။ ဒါကြောင့်လည်း ဆင်တွေကို ယဉ်ပါးစေသူ “The Elephant Whisperer” လို့ တင်စားခံခဲ့ရတာ ဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံမှာ အမေရိကန်ကျူးကျော်စစ်ပွဲ အရှိန်ပြင်းထန်နေချိန် ဘဂ္ဂဒက်မြို့ တိရစ္ဆာန်ရုံမှ တိရစ္ဆာန်တွေကို ကယ်တင်ပေးခဲ့သူပါ။ ၂၀၁၂ ခုနှစ်မှာတော့ နှလုံးရောဂါကြောင့် အန်သိုနီ ကွယ်လွန်သွားခဲ့ပြီး သူ ကွယ်လွန်သွားချိန်မှာ သူ ကယ်တင်ပေးခဲ့တဲ့ ဆင်ရိုင်းအုပ်က တောထဲမှာရှိတဲ့ သူ့အိမ်ရှေ့ကို ရောက်လာခဲ့ပြီး ၂ ရက်တိုင်တိုင် ငြိမ်သက်ပြီး ဝမ်းနည်းကြောင်း ပြသခဲ့ဖူးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
Ref: Lawrence Anthony
NZ (ရိုးရာလေး)

