တက္ကသိုလ် (၁၈) ခုကနေ ဝင်ခွင့်လက်ခံစာတွေရရှိခဲ့တဲ့ အိမ်ရာမဲ့ဆယ်ကျော်သက်

boy3.png

အသက် (၁၇) နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး ဒိုင်လန် ချီဒစ်ခ် (Dylan Chidick) က သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ အိမ်ခြေရာမဲ့ဖြစ်ခဲ့ရပြီး သူရဲ့မိသားစုမှာဆိုရင် သူဟာ တက္ကသိုလ်တက်ရောက်ခွင့်ရတဲ့ ပထမဆုံး မိသားစုဝင်ဖြစ်ပါတယ်။ အခု သူက တက္ကသိုလ် (၁၈) ခုဆီက ဝင်ခွင့်လက်ခံကြောင်းစာကို ရရှိပြီးနောက် သူတက်ချင်တဲ့တက္ကသိုလ်ကို ရွေးချယ်ခွင့်ရရှိခဲ့ပါပြီ။

ချီဒစ်ခ်က အသက် (၇) နှစ်အရွယ်မှာ ထရီနီဒတ်နိုင်ငံကနေ ပြောင်းရွေ့ခဲ့ပြီး နယူးဂျာစီပြည်နယ်မှာ နေထိုင်ရင်း နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။ အဲဒီနောက်မှာ ချီဒစ်ခ်နဲ့ သူရဲ့မိသားစုတွေက ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြပါတယ်။ သူရဲ့ အမြွှာညီလေးနှစ်ယောက်က ပြင်းထန်တဲ့နှလုံးပြဿနာတွေကြောင့်ငွေကုန်ကြေးကျများခဲ့ပြီး မိသားစုဝင်အားလုံး အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရပါတယ်။

“ကျွန်တော်တို့ မိသားစုက ဒုက္ခတော်တော်များများကို ဖြတ်ကျော်ခဲ့ရပြီး “ မင်း ဒါကို မလုပ်နိုင်ပါဘူး။ မင်း ဒါကို ရနိုင်မှာမဟုတ်ဘူး” လို့ ပြောတဲ့သူတွေရှိပါတယ်။ ဒီတက္ကသိုလ်ဝင်ခွင့်လက်ခံကြောင်းစာတွေရလာတော့ ကျွန်တော်ပြောနေခဲ့တာက ကျွန်တော် ဒါကိုလုပ်နိုင်တယ်။ ကျွန်တော် ဒါကိုလုပ်ရမယ်ဆိုတာပါပဲ” လို့ ချီဒစ်ခ်က ပြောပါတယ်။

ချီဒစ်ခ်က ရည်မှန်းချက် မြင့်မြင့်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး Henry Snyder အထက်တန်းကျောင်းမှာ စီနီယာအတန်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ အကျိုးအမြတ်မယူတဲ့ Women Rising အဖွဲ့ ရဲ့ အကူအညီကို တောင်းခံနေတဲ့ ချီဒစ်ခ်မိခင်ရဲ့ သတ္တိတွေကလည်း သူ့ကို အကောင်းဆုံး အားအင်ပေးနိုင်ခဲ့ပါတယ်။

Women Rising အဖွဲ့က သူတို့အမြဲတမ်းနေထိုင်လို့ရအောင်၊ စိတ်ချလက်ချ စာလေ့လာလို့ရအောင် အိမ်ရာ ထောက်ပံ့ပေးထားပါပြီ။ သူက (၁၈) ဂဏန်းဟာ သူရဲ့ကံကောင်းတဲ့နံပါတ်ဖြစ်ဖို့နဲ့ တောက်ပတဲ့အနာဂတ်အတွက် ရွေးချယ်ခွင့် (၁၈) ခုကို ယူဆောင်လာဖို့ မျှော်လင့်ထားပါတယ်။

အခုတော့ ချီဒစ်ခ်က သူတက်ရောက်ချင်တဲ့ ကျောင်းဖြစ်တဲ့ နယူးဂျာစီတက္ကသိုလ်ဆီကနေ (၁၈) ခုမြောက် လက်ခံကြောင်းစာကို ရရှိခဲ့တာကြောင့် သူမျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပါပြီ။ ချီဒစ်ခ်က တက္ကသိုလ်တက်နေရင်း နိုင်ငံရေးသိပ္ပံကိုလည်း လေ့လာချင်တယ်လို့ ပြောပြခဲ့ပါတယ်။

Ref: CBS News “New Jersey teen gets 17 college acceptance letters, overcomes homelessness”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top