တိုက်စစ်မှုး ဂရေဇ့်မန်းကို မန်ယူအသင်း တစ်ပတ်ပေါင် ၃ သိန်း ပေးကမ်းလှမ်းမည်

875891616.jpg

မန်ယူအသင်းသည် ဇန်နဝါရီအပြောင်းအရွေကာလအတွင်း အက်သလက်တီကိုအသင်းတိုက်စစ်မှုး ဂရေဇ့်မန်းကို အပြီးသတ်စာချုပ်နိုင်ဖို့ ကြိုးစားနေကာ မန်ယူအသင်းအနေဖြင့် ဂရေဇ့်မန်းကို မြင့်မားသည့်လစာပေးကာ ကမ်းလှမ်းမှုများမကြာမီ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများကဖော်ပြသည်။

အသက် ၂၆ နှစ်အရွယ်ရှိ ဂရေဇ့်မန်းသည် မန်ယူသို့ပြောင်းရွေရန် စိတ်ဝင်စားနေပြီး စိန်ခေါ်မှုအသစ်တွေရင်ဆိုင်နိုင်ရန် လိုလားနေသည်ဟု သိရသည်။ ဂရေဇ့်မန်းကို မန်ယူအသင်းအပြင် ဘာစီလိုနာ ကလည်းခေါ်ယူရန် ကြိုးပမ်းမှုများရှိနေပြီးချန်ပီယံဆုဖလားတွေရယူနိုင်ရေး မက်လုံးဖြင့်ကမ်းလှမ်းမှုများ ပြုလုပ်လာဖွယ်ရှိနေသည်။ ဂရေဇ့်မန်း၏ လျော်ကြေးစာချုပ်မှာ ပေါင် ၉၂ သန်းနီးပါးသတ်မှတ်ထားရာ ယင်းပမာဏမှာ လာမည့်နွေရာသီတွင် ထပ်မံ တိုးလာနိုင်ဖွယ်ရှိနေသောကြောင့် မန်ယူအသင်းမှာ လျော်ကြေးပမာဏာမတိုးခင် မြင့်မားသည့်လစာပေးကာ ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိနေသည်ဟုသိရသည်။ မန်ယူနည်းပြမော်ရင်ဟိုကလည်း ဇန်နဝါရီအပြောင်းအရွေကာလအတွင်း ဂရေဇ့်မန်းကိုခေါ်ယူနိုင်ရန် အသင်းဘုတ်အဖွဲ့ကို တိုက်တွန်းထားကြောင်းသိရသည်။ မန်ယူအသင်းအနေဖြင့် ဂရေဇ့်မန်းကို အသင်းတွင် လစာအမြင့်ဆုံးပေးကာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ဖြင့် ကမ်းလှမ်းမှုများပြုလုပ်ရန် ဆန္ဒရှိနေသည်ဟု ဗြိတိန်သတင်းစာများကဖော်ပြသည်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Metro : Manchester United offer Antoine Griezmann staggering £300,000-a-week

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top