ဂတ်စ်အိုးပေါက်ကွဲပြီး ရထားမီးလောင်လို့ အနည်းဆုံး ၇၄ ယောက် သေဆုံး

yyl-007.jpg

ပါကစ္စတန်နိုင်ငံက ရထားတစ်စီးပေါ်မှာ ခရီးသည်တွေက နံနက်စာချက်ပြုတ်ဖို့ ပြင်ဆင်နေတုန်း ဂတ်စ်အိုးပေါက်ကွဲခဲ့လို့ မီးလောင်ခဲ့ပြီး အနည်းဆုံး လူ ၇၄ ယောက် သေဆုံးခဲ့ပါတယ်။ ကရာချိမြို့ကနေ ရာဝယ်ပင်ဒီမြို့ကို ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ လိုက်ပါလာသူ အများအပြားဟာ ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ အကြီးမားဆုံး ဘာသာရေးအခမ်းအနားတစ်ရပ်ကို တက်ရောက်မယ့်သူတွေပါ။

ရထားပေါ်မှာ ရေနံဆီတွေ ပါလာပြီး ရထားခုတ်မောင်းနေချိန်မှာ မီးလောင်တာဖြစ်လို့ အနည်းဆုံး ရထားတွဲသုံးတွဲကို မီးကူးစက်သွားခဲ့ပါတယ်။ ရထားမီးလောင်ချိန်မှာ ရထားပေါ်ကနေ ခုန်ချခဲ့လို့ လူတော်တော်များများ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ ၄၀ ရှိပြီး မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွားရသူတွေ ပါဝင်နေလို့ သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ရထားနဲ့ ခရီးဝေးသွားကြတဲ့အခါ ခရီးသည်တွေက မနက်စာချက်ပြုတ်စားသောက်ဖို့အတွက် ဂတ်စ်အိုးတွေကို ရထားပေါ် ခိုးတင်ကြလေ့ရှိတယ်လို့ ရထားလမ်းဝန်ကြီး ရာရှစ်အာမတ်က ပြောပါတယ်။ မြေပြင်သတင်းတွေအရတော့ လျှပ်စစ်ပိုင်း ပြဿနာနဲ့လည်း သက်ဆိုင်နေလိမ့်မယ်လို့ ယူဆကြပါတယ်။ ဒီဖြစ်ရပ်မှာ အသက်ရှင်လွတ်မြောက်သူတွေက ရထားပေါ်မှာ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ခဲ့တာလို့ ယုံကြည်နေကြပါတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top