ငရုတ်ဆီပုလင်းတွေထဲကနေ ၄၀၀ ကီလိုဂရမ်ရှိတဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိ

yyl-006.jpg

ငရုတ်ဆီပုလင်းတွေထဲမှာ လျှို့ဝှက်ထည့်သွင်းထားတဲ့ မက်သမ်ဖီတာမင်း ၄၀၀ ကီလိုဂရမ် တွေ့ရှိခဲ့ပြီးနောက်မှာတော့ သြစတြေးလျရဲတပ်ဖွဲ့က အမျိုးသား(၄)ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံကနေ ဆစ်ဒနီမြို့ကို သင်္ဘောနဲ့ပို့ဆောင်ခဲ့တဲ့သျှရီရာချာအမှတ်တံဆိပ် ငရုတ်ဆီပုလင်းတွေကို အာဏာပိုင်တွေ့ ရှာဖွေရာမှာ သြစတြေးလျဒေါ်လာ သန်း ၃၀၀ နီးပါး တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် အသက် ၃၀၊ ၃၄၊ ၃၆၊ ၄၅ နှစ် ရှိတဲ့ အမျိုးသား(၄)ယောက်ကို ဖမ်းဆီးထားပါတယ်။

ငရုတ်ဆီပုလင်းတွေ ပထမဆုံးတင်ပို့လိုက်တဲ့ နေရာကို ရှာဖွေနိုင်ဖို့အတွက် သြစတြေးလျရဲတပ်ဖွဲ့က အမေရိကန်အာဏာပိုင်တွေကို ဆက်သွယ်ထားပါတယ်။ ဆစ်ဒနီမြို့မှာရှိတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းကို တင်ပို့မယ့်အချိန်မှာ မူးယစ်ဆေးဝါးတွေ ပါဝင်တဲ့ ငရုတ်ဆီပုလင်း ၇၆၈ လုံး သိမ်းဆည်းရမိခဲ့တာလို့ လက်ထောက်ရဲမင်းကြီး စတူးဝပ်စမစ်က ပြောပါတယ်။ ငရုတ်ဆီပုလင်းထဲမှာ မူးယစ်ဆေးဝါးတွေ မြှုပ်ပြီး ထည့်သွင်းထားတဲ့ ဒီဖြစ်ရပ်မှာ ပစ္စည်းတင်ပို့သူတွေရော၊ လက်ခံရယူသူတွေရော ဓာတုဗေဒဆိုင်ရာ ဗဟုသုတရှိဖို့ လိုအပ်ပြီး ရှုပ်ထွေးခက်ခဲတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လကလည်း သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကို တင်ပို့လိုက်တဲ့ စပီကာတွေထဲမှာ ဈေးကွက်တန်ဖိုး သြစတြေးလျဒေါ်လာ ၁.၂ ဘီလျံရှိတဲ့ မက်သမ်ဖီတာမင်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top