ဖိလစ်ပိုင်လေဆိပ်မှာ ပိုင်ရှင်မဲ့အိတ်တွေထဲက တိပ်ပတ်ခံထားရတဲ့ လိပ်အရှင် (၁၅၀၀) ကျော် တွေ့ရှိ

in2.jpg

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နိုင်ငံတကာလေဆိပ်မှာ ပိုင်ရှင်မဲ့အိတ် (၄) လုံးထဲကနေ တိပ်ပတ်ခံထားရတဲ့ လိပ်အရှင် (၁၅၂၉) ကောင် သိမ်းဆည်းရမိခဲ့ပါတယ်။ သိမ်းဆည်းရမိတဲ့ လိပ်တွေကို မှောင်ခိုဈေးကွက်မှာ ရောင်းချမယ်ဆိုရင် ပီဆို (၄.၅) သန်း(အမေရိကန်ဒေါ်လာ ၈၆၆၃၁)အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ သားရဲတိရစ္ဆာန် တရားမဝင် မှောင်ခိုကူးသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ထားတာ သိလိုက်ရလို့ ကုန်ကူးသူတွေက ဒီအိတ်တွေကို ချန်ရစ်ပြီး ထွက်ပြေးသွားတာဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။ သားရဲတိရစ္ဆာန် တရားမဝင် မှောင်ခိုကူးသူတွေဟာ အဖမ်းခံရရင် ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်ခံရနိုင်ပြီး ဒဏ်ငွေ ပီဆို ၂၀၀၀၀၀ အထိ ပေးဆောင်ရဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နီနွိုင်အကွီနိုနိုင်ငံတကာလေဆိပ်မှာ သိမ်းဆည်းရမိတဲ့လိပ်တွေထဲမှာ မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ အနီရောင်အဆင့် သတ်မှတ်ခံထားရတဲ့ Sulcata Tortoise လိပ်မျိုးစိတ်နဲ့ နားရွက်အနီရောင်ရှိတဲ့ Slider လိပ်မျိုးစိတ်တွေ ပါဝင်ပါတယ်။ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအရ ဖိလစ်ပိုင်အမျိုးသားတစ်ယောက်က ဒီအိတ်တွေကို စွန့်ပစ်သွားခဲ့တာလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top