လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေ့လယ်စာထဲမှာ အဆိပ်ခတ်ခဲ့သူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်

in3.jpg

လုပ်ဖော်ကိုင်ဖက်တွေရဲ့ နေ့လယ်စာထဲမှာ အဆိပ်ခတ်ခဲ့တဲ့ ဂျာမန်အမျိုးသားတစ်ယောက်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာမှတ်တမ်းအရ လုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ အသားညှပ်ပေါင်မုန့်ထဲကို အဖြူရောင်အမှုန့်တွေ ဖြူးခဲ့တယ်လို့ တွေ့ရှိခဲ့ပြီးနောက်မှာ ကလော့စ်အိုလို့ အမည်ရတဲ့ အသက် (၅၇) နှစ်အရွယ် အမျိုးသားကို ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

စမ်းသပ်စစ်ဆေးမှုအရ အဲဒီအမှုန့်တွေက အရသာမရှိသလောက်နီးပါးဖြစ်ပြီး ကိုယ်တွင်းကလီစာတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့ အဆီတိတ်(acetate)ဓာတုဒြပ်ပေါင်းဖြစ်နေတာ တွေ့ရပါတယ်။ ကလော့စ်အိုရဲ့ နေအိမ်ကို ရှာဖွေရာမှာ မာကျူရီ၊ ခဲနဲ့ ကက်ဒမီယမ်(Cadmium)ဒြပ်စင်တွေ တွေ့ရှိခဲ့ပါတယ်။

ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းက ကလော့စ်အိုအလုပ်လုပ်တဲ့ ကုမ္ပဏီက တခြားလုပ်ဖော်ကိုင်ဖက် နှစ်ယောက်လည်း ကျောက်ကပ် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြပါတယ်။ (၂၀၀၀) ပြည့်နှစ်အတွင်း အဲဒီကုမ္ပဏီမှာ အလုပ်သမား (၂၁) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကိုလည်း စုံစမ်းစစ်ဆေးနေပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလော့စ်အိုက ရုံးတင်စစ်ဆေးချိန်တစ်လျှောက်လုံး နှုတ်ဆိတ်နေခဲ့တဲ့အတွက် ဘာကြောင့် အခုလိုလုပ်ရတာလဲဆိုတာကို ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ ကလော့စ်အိုဟာ အများပြည်သူအတွက် အန္တရာယ်ဖြစ်စေနိုင်လို့ သူ့ရဲ့ပြစ်ဒဏ်ကို လျှော့ချပေးဖို့ မရှိဘူးလို့ ဂျာမနီသတင်းစာတစ်စောင်က ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top