လူငယ်လူရွယ်တွေကို ထောက်ပံ့ပေးဖို့ ဖောင်းဒေးရှင်းကို ဝမ် သန်း ၂၀၀ လှူဒါန်းခဲ့တဲ့ လီဟိုရီတို့ဇနီးမောင်နှံ

leehoyie.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအဆိုတော် လီဟိုရီနဲ့ သူ့ခင်ပွန်းဖြစ်သူ လီဆန်ဆွန်းတို့က အဖွဲ့အစည်းဆိုင်ရာ စောင့်ရှောက်မှုကနေ ကြီးပြင်းအရွယ်ရောက်လာတဲ့သူတွေကို ထောက်ပံ့ဖို့အတွက် Beautiful Foundationကို ဝမ် သန်း ၂၀၀ (ဒေါ်လာ၁၄၄၀၀၀) လှူဒါန်းခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့က သူတို့ဇနီးမောင်နှံက မွေးစားစောင့်ရှောက်မှုစနစ်ကနေ အသက်အရွယ်ကြီးရင့်ပြီးနောက် မိမိကိုယ့်ကိုယ်အားကိုးရမယ့်လူငယ်တွေအတွက် ပညာရေးနဲ့နေထိုင်မှုကုန်ကျစရိတ်တွေအပြင် အသက်မွေးဝမ်းကြောင်းရှာဖွေရေးလုပ်ငန်းတွေပါ အကူအညီဖြစ်စေဖို့ ရန်ပုံငွေထည့်ဝင်ခဲ့တာပါ။

လီဟိုရီက the Beautiful Foundationနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ။ သူတို့ဇနီးမောင်နှံရဲ့ပံ့ပိုးကူညီမှုကလူငယ်တွေကို ပိုမိုတည်ငြိမ်ပြီးအမှီအခိုကင်းတဲ့ဘဝနေထိုင်ရန်နဲ့လူ့အဖွဲ့အစည်းအတွင်း အောင်မြင်စွာ ပေါင်းစည်းနိုင်အောင် ကူညီပေးလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။

“ဒီလူငယ်တွေကို သူတို့ဘာသာသူတို့ ဘဝကို စပြီး ထောက်ပံ့ဖို့ မျှော်လင့်ချက်နဲ့ လှူဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကို ရှာတွေ့ပြီး သူတို့ရဲ့ အိပ်မက်တွေကို ယုံကြည်စွာ လိုက်လျှောက်ဖို့ မျှော်လင့်ပါတယ်”လို့ လီဟိုရီနဲ့သူ့ခင်ပွန်းဖြစ်သူက ဆိုထားပါတယ်။

Ref: Lee Hyori and Lee Sang Soon donate 200M KRW to support youth aging out of care

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top