သမုဒ္ဒရာရှုမျှော်ခင်းနဲ့ ဘာလီကျွန်းပေါ်မှ လေယာဉ်စံအိမ်

26.2.24-yyl-13.jpg

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရဲ့ တောင်စောင်းပေါ်မှာ ဘိုးရင်း ၇၃၇ လေယာဉ်ကို အသွင်ပြောင်းသွားတဲ့ စံအိမ်ကတော့ ကမ္ဘာ့အလှဆုံးလေယာဉ်စံအိမ် တင်စားခံထားရပါတယ်။ လေကြောင်းလိုင်းမှာ အသုံးမပြုတော့တဲ့ ဘိုးရင်းလေယာဉ်တွေကို အိမ်၊ စားသောက်ဆိုင်၊ ပြတိုက်အဖြစ် ပြင်ဆင်မွမ်းမံမှုတွေကို အရင်ကလည်း ကြုံခဲ့ရဖူးပါတယ်။

ရုရှားအိမ်ခြံမြေလုပ်ငန်းပိုင်ရှင် ဖီးလစ်ဒီမင်ကတော့ ဘိုးရင်း ၇၃၇ လေယာဉ်ကို အိပ်ခန်း ၂ ခန်းပါ စံအိမ်အဖြစ် ပြင်ဆင်မွမ်းမံခဲ့တာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀ အကွာမှာရှိတဲ့ တောင်စောင်းပေါ်ကို ဘိုးရင်း ၇၃၇ လေယာဉ်ကြီး သယ်ယူပို့ဆောင်နိုင်ဖို့ အလွန်ခက်ခဲပါတယ်။ လေယာဉ်ကြီးကို တောင်စောင်းပေါ် ပို့ဆောင်ဖို့ ၅ ရက်အချိန်ကြာခဲ့ပြီး စံအိမ်အဖြစ် အသွင်ပြောင်းလဲဖို့ ၃ နှစ်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ရတာပါ။

လေယာဉ်အစိတ်အပိုင်းတွေကို တစ်ခုစီဖြုတ်ပြီး ပို့ဆောင်ခဲ့တာပါ။ ဖီးလစ်ဒီမင်ဟာ လေယာဉ်စက်ခန်းကို ရေချိုးခန်း၊ လေယာဉ်တောင်ပံတစ်ဖက်ကို လသာဆောင်အဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလမှာတော့ Private Jet Villa by Hanging Gardens စံအိမ်ကို ဖွင့်လှစ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ လေယာဉ်စံအိမ်ကြီးကို လာရောက်လည်ပတ် တည်းခိုလိုသူတွေ အလွန်များပြီး တစ်ညတည်းခိုစရိတ်က အမေရိကန်ဒေါ်လာ ၁၆၀၀ ကနေ ဒေါ်လာ ၇၀၀၀ အထိ ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့ လေယာဉ်စံအိမ်ကနေ မြင်ရတဲ့ရူခင်းနဲ့ နေထိုင်ရတဲ့ အတွေ့အကြုံကတော့ တစ်သက်မှာ တစ်ခါပဲ ကြုံခွင့်ရသလို ထူးခြားဆန်းပြားတယ်လို့ ဆိုပါတယ်။

Ref: Russian Developer Transforms Boeing 737 Jet into a Stunning Luxury Villa

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top