အချစ်ရေးသတင်းထွက်ရှိအပြီး အခြေအမြစ်မရှိတဲ့ပို့စ်တွေအတွက် တရားဥပဒေအရ အရေးယူမယ်လို့ လီဂျယ်ဝုရဲ့အေဂျင်စီက ထုတ်ပြန်

29.2.24-yyl-2.jpg

မကြာသေးခင်ကမှ တောင်ကိုရီးယားမင်းသားချော လီဂျယ်ဝုနဲ့ asepa အဆိုအဖွဲ့ဝင် ကာရီနာတို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ သတင်းထွက်ရှိခဲ့တာပါ။ အဲဒီသတင်းထွက်ရှိပြီးတဲ့နောက် မင်းသားနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အခြေအမြစ်မရှိတဲ့ပို့စ်တွေအတွက် တရားဥပဒေအရ အရေးယူသွားမယ်လို့ လီဂျယ်ဝုရဲ့အေဂျင်စီ C-JeS Studios က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

“မင်္ဂလာပါ…C-JeS Studios ပါ
လီဂျယ်ဝုရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့သတင်းအပြီးမှာ သူတို့တွေကို ချစ်ခင်လေးစားပေးကြဖို့ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲမေတ္တာရပ်ခံခဲ့ပေမဲ့ မင်းသားနဲ့ပတ်သက်ပြီး မှားယွင်းတဲ့အချက်အလက်တွေ၊ ဆဲဆိုမှုအပါအဝင် ရည်ရွယ်ချက်ရှိရှိ စော်ကားပြောဆိုထားတဲ့ပို့စ်တွေကို အွန်လိုင်းမှာ တွေ့ရှိထားရပါတယ်။

ဒါက လူ့အခွင့်အရေးကို ပြင်းထန်စွာချိုးဖောက်နေပါတယ်။ တရားဥပဒေအရ ပြင်းထန်တဲ့ အရပ်ဘက်နဲ့ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ကျွန်တော်တို့ အသိပေးအပ်ပါတယ်။
ကျွန်တော်တို့တွေ အွန်လိုင်းက ပို့စ်တွေကို အဆက်မပြတ်စောင့်ကြည့်နေပြီး ပရိသတ်တွေက ဆိုးရွားတဲ့ပို့စ်တွေကို cjesstudios.legal@gmail.com ကို ပေးပို့ပါက တရားဥပဒေအရ အရေးယူတဲ့အခါ သူတို့ကို စဉ်းစားပေးသွားမှာပါ”လို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းဖတ်ရှုရန် – ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ မင်းသား လီဂျယ်ဝု နဲ့ aespa အဆိုအဖွဲ့ဝင် ကာရီနာ
https://yoyarlay.com/lee-jae-wook-and-aespas-karina…/

Ref: Lee Jae Wook’s Agency Announces Legal Action For Malicious Posts Following Dating News

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply