“Squid Game” ဒုတိယတွဲအတွက် အပိုင်းတစ်ပိုင်းကို ကန်ဒေါ်လာ ၇၀၀,၀၀၀ ရရှိမယ့် လီဂျောင်ဂျေး

11-10-2022yyl09.jpg

ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေအမြင့်ဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသားလီဂျောင်ဂျေးက Netflixရဲ့ Squid Game ဒုတိယတွဲအတွက် အပိုင်းတစ်ပိုင်းကို ကန်ဒေါ်လာ ၇၀၀၀၀၀ (ဝမ် ၁ ဘီလျံ) ရရှိမယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ သတင်းမီဒီယာက ဖော်ပြထားပါတယ်။

ဒုတိယတွဲက ပထမတွဲလို အပိုင်း (၉) ပိုင်းရှိမယ်ဆိုရင် လီဂျောင်ဂျေးက အနုပညာကြေးအနေနဲ့ ကန်ဒေါ်လာ ၆.၃ သန်း (ဝမ် ၉ ဘီလျံ) ရရှိနိုင်ပါတယ်။ ပထမတွဲမှာတုန်းက သူဟာ အပိုင်းတစ်ပိုင်းကို ကန်ဒေါ်လာ ၂၅၃၆၃၇ ဝန်းကျင် (ဝမ် သန်း ၃၀၀) ရရှိခဲ့ပြီး ဇာတ်လမ်းတွဲတစ်ခုလုံးအတွက် ကန်ဒေါ်လာ ၂.၂ သန်းကျော်ရရှိခဲ့တာပါ။

Squid Game ဒုတိယတွဲကို လာမယ့်နှစ်မှာ ရိုက်ကူးဖို့မျှော်လင့်ရပြီး လီဂျောင်ဂျေးက ဒီဇာတ်လမ်းတွဲအတွက် အပိုင်းတစ်ပိုင်းကို ဝမ် ၁ ဘီလျံနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။ ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်ရမယ့် ငွေပမာဏကိုတော့ အတိအကျမပြောထားပေမဲ့ ဒုတိယတွဲအတွက် သူလည်း ငွေပမာဏအများကြီးရရှိမယ်လို့ သိရပါတယ်။

“Squid Game” ဒုတိယတွဲအတွက် ကုန်ကျစရိတ်က လီဂျောင်ဂျေးနဲ့ လီဗြောင်ဟွန်းလို ထိပ်တန်းသရုပ်ဆောင်တွေရဲ့အနုပညာကြေးမပါဘဲ ကန်ဒေါ်လာ သန်း ၇၀ (ဝမ် ၁၀၀ ဘီလျံ) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Allkpop “Lee Jung Jae reportedly being paid $700,000 USD per episode for ‘Squid Game’ season 2”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top