ဒေါ်လာ ၁၉၀၀ ပဲတန်တဲ့ သာမန်ကြွေအိုးကို တရုတ်လူမျိုး ၁၅ ယောက် အပြိုင်လေလံဆွဲရင်း ဒေါ်လာ ၉ သန်းနဲ့ လေလံအောင်မြင်

11-10-2022yyl07.jpg

ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက ဖွန်တိန်ဘလူးမြို့ငယ်လေးမှာ လုပ်တဲ့ လေလံပွဲမှာ တရုတ်ကြွေအိုးတစ်လုံးကို တရုတ်လူမျိုး ၁၅ ယောက်လောက်က လေလံအပြိုင်ဆွဲကြရင်း အမေရိကန်ဒေါ်လာ ၉ သန်းနဲ့ လေလံအောင်သွားတယ်။ တကယ်တော့ ဒီကြွေထည်ပန်းအိုးက ဒေါ်လာ ၁၉၀၀ လောက်ပဲ ရမယ်လို့ ခန့်မှန်းထားတာ။ လေလံကုမ္ပဏီရဲ့ ပညာရှင်တွေကလည်း ရှေးဟောင်းပစ္စည်းမဟုတ်ဘူး၊ သာမန်ကြွေအိုးတစ်လုံးလို့ပဲ သတ်မှတ်ထားကြတာ။ လေလံအောင်သွားတဲ့ ဈေးနှုန်းက ခန့်မှန်းဈေးနှုန်းထက် အဆ ၄၀၀၀ ပိုများတယ်။

ကောင်းကင်ဘုံကြွေထည်လက်ရာလို့ ဆိုကြတဲ့ ဒီကြွေအိုးဟာ အဖြူနဲ့ အပြာရောင်ဖြစ်ပြီး နဂါးနဲ့ တိမ်ပုံစံ ရေးဆွဲထားတဲ့ လက်ရာပါ။ ၅၄ စင်တီမီတာမြင့်တယ်။ လေလံဆွဲသူတွေကတော့ ဒီကြွေအိုးကို ရှေးဟောင်းပစ္စည်းလို့ ယုံကြည်ပြီး ဈေးအပြိုင်အဆိုင် ကမ်းလှမ်းခဲ့ကြတာပါ။ တကယ်လို့ ဒီကြွေအိုးကသာ လွန်ခဲ့တဲ့ နှစ် ၂၀၀ လောက်က လက်ရာဆိုရင် တကယ့်ကို ရှားပါးပြီး အဖိုးတန်လိမ့်မယ်လို့ ပညာရှင်တွေက ဆိုတယ်။

ပဲရစ်မြို့က ရှေးဟောင်းပစ္စည်း စုဆောင်းရတာ ဝါသနာထုံတဲ့ အမျိုးသမီးကြီး ကွယ်လွန်သွားတော့ သူ့သမီးက ဒီကြွေအိုးကို အမွေရခဲ့တာပါ။ သူ့သမီးကလည်း ဒီကြွေအိုးကို လေလံတင်ရောင်းဖို့ ပို့ထားချိန်မှာပဲ ကွယ်လွန်သွားတယ်။ အဲဒီတော့ သူ့သမီး (မူရင်းပိုင်ရှင် အမျိုးသမီးကြီးရဲ့မြေးက) ကြွေအိုး ရောင်းချငွေတချို့တဝက်ကို ရရှိမှာ ဖြစ်ပါတယ်။

Ref:Ordinary Vase Worth $1,900 Sold For $9 Million After Being Mistaken For Rare Artefact

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top