“Star Wars” စီရီးသစ် “The Acolyte” မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားမယ့် Squid Game မင်းသား လီဂျောင်ဂျေး

9-9-2022yyl02.jpg

Squid Game စီးရီးနဲ့ ပိုပြီးလူသိများလာခဲ့တဲ့ ကိုရီးယားမင်းသား လီဂျောင်ဂျေးက ဟောလိဝုဒ်ရုပ်ရှင်လောကထဲကို ခြေဆန့်တော့မှာဖြစ်ပါတယ်။ သူဟာ Disney+ ကနေ ထုတ်လွှင့်ပြသမယ့် “Star Wars” စီးရီးသစ် “The Acolyte” မှာ အဓိကအမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီစီးရီးမှာ လီဂျောင်ဂျေးနဲ့အတူ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ် မင်းသမီး အာမန်ဒလာ စတန်ဘာ့ဂျ်နဲ့ မင်းသမီး ဂျိုဒီ တန်နာတို့ ပါဝင်မှာဖြစ်ပါတယ်။ ဒီစီးရီးကို အမျိုးသမီးဒါရိုက်တာ လက်စ်လီ ဟတ်ဒ်လန်က ရိုက်ကူးမှာပါ။

“The Acolyte” စီးရီးက “Star Wars: Episode 1 – The Phantom Menace” မတိုင်ခင် ရာစုနှစ်တစ်ခုက အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ထားပါတယ်။ ဂျယ်ဒီတွေ အသန်မာဆုံးဖြစ်တဲ့အချိန်၊ Sith တွေ ကြယ်တာရာစုကနေ ချေမှုန်းသုတ်သင်ခံရတယ်လို့ ယူဆရတဲ့အချိန်ဖြစ်တဲ့ High Republic ခေတ်က ကြယ်တာရာစုကို ပုံဖော်ထားတယ်လို့ သိရပါတယ်။

Ref: Soompi “Lee Jung Jae To Play Male Lead In New “Star Wars” Series “The Acolyte””

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top