သေဆုံးသွားခဲ့တဲ့ အစ်မဖြစ်သူရဲ့နာမည်နဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းကတဆင့် ကလေးတွေအတွက် ဖိနပ်တွေ အလကားပေးနေတဲ့ ဆေးကျောင်းသား

27.12.23-yyl-5.jpg

Texas Christian University Medical School ကျောင်းသား ဆမ် ဆာရက်ရဲ့ဘဝမှာ မမေ့နိုင်ခဲ့တဲ့ အမှတ်တရတွေထဲက တစ်ခုဆိုရင် ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့အစ်မဖြစ်သူ ဒေးနာက သူနဲ့သူ့ညီလေး ရှရစ်ဖ်တို့အတွက် Nike ဖိနပ်အသစ်တွေဝယ်ပေးခဲ့တဲ့အခိုက်အတန့်ပါပဲ။ အဲဒီအခိုက်အတန့်ကြုံတွေ့ပြီး မကြာခင်မှာပဲ တက္ကဆပ်ပြည်နယ်၊ Arlington မှာ ကားထဲကနေ ပစ်ခတ်မှုအတွင်း ဒေးနာ သေဆုံးသွားခဲ့ပါတယ်။

ဆမ်က သူ့အစ်မဖြစ်သူကို အမြဲဂုဏ်ပြုပေးချင်ခဲ့တယ်။ ဒါကြောင့် သူနဲ့သူ့ညီလေးတို့က ဒေးနာ နာမည်နဲ့ အကျိုးအမြတ်မယူဘဲ ဖိနပ်အသစ်လိုအပ်နေတဲ့ ကလေးတွေအတွက် အမှတ်တရတွေဖန်တီးပေးဖို့ ရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက Dayna’s Footprints ကို တည်ထောင်ကတည်းက သူတို့ညီအစ်ကိုဟာ ဒေါ်လာ ၁၀၀၀၀၀ ကျော် ရန်ပုံငွေရှာနိုင်ခဲ့ပြီး တက္ကဆပ်ပြည်နယ်မြောက်ပိုင်းက ကလေးတွေအတွက် ဖိနပ် ၁၀၀၀ ကျော် ဝယ်ပေးနိုင်ခဲ့တယ်။ တစ်ခါတလေ ကလေးတွေရဲ့မိဘတွေအတွက်ရော ဝယ်ပေးနိုင်ခဲ့ပါတယ်။

Arlington မြို့က မူလတန်းကျောင်းကို စပြီးသွားကာ ဖိနပ်တွေကို ပေးခဲ့တာပါ။ အခုဆိုရင် Fort Worth မြို့က ရပ်ကွက်တော်တော်များများမှာ ပေးနေရပါပြီ။ မကြာသေးခင်ကမှ သူဟာ Fort Worth က ဖိနပ်ဆိုင်တစ်ခုမှာ ဖိနပ်လက်ခံမယ့်သူတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးတော်တော်များများက ဖိနပ်အသစ်ရလို့ ပျော်နေခဲ့ကြပါတယ်။

Ref: Texas medical student gives back to community with free shoes through nonprofit

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top