၂၅ နှစ်အရွယ် ဟောင်ကောင် PhD ကျောင်းသား ထရူမန်ချန်းက ဗင်းဆင့်ဗန်ဂိုးရဲ့ Starry Night ပန်းချီကားကို LEGO အစိတ်အပိုင်းတွေ သုံးပြီး 3D ပုံစံ ဖန်တီးခဲ့တာပါ။ LEGO ပရိသတ်တွေအနေနဲ့ သူတို့ရဲ့အိုင်ဒီယာတွေကို ဖော်ပြခွင့်ရှိတဲ့ LEGO Ideas မှာ ချန်းက သူ့အိုင်ဒီယာကို ပြသခဲ့တာ ဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/05/18-5-2022-yyl-16.jpg)
၁၉၃၅ ခုနှစ်ကတည်းက Starry Night ပန်းချီကားကို ခင်းကျင်းပြသခဲ့တဲ့ နယူးယော့ခ်မြို့ မော်ဒန်အနုပညာပြတိုက်နဲ့ပူးပေါင်းပြီး LEGO ကုမ္ပဏီက Starry Night ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/05/18-5-2022-yyl-17.jpg)
အစိတ်အပိုင်း ၁၅၅၂ ခု ပါဝင်တဲ့ Starry Night LEGO ကို ဇွန်လ ၁ ရက်ကနေ စတင်ဖြန့်ချိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၆၉ ကျသင့်မှာ ဖြစ်ပါတယ်။ LEGO ရဲ့ VIP တွေကတော့ မေလ ၂၅ ရက်ကနေ စတင်မှာယူနိုင်မှာပါ။
Ref: SunnySkyz ” LEGO Brings Van Gogh’s Most Famous Painting Into the Third Dimension With 1,500 Fan-Designed Bricks”
Team ( ရိုးရာလေး)