(၇) ကြိမ်မြောက် HIPPO နိုင်ငံတကာအင်္ဂလိပ်စာပြိုင်ပွဲမှာ ဒုတိယဆုရှင်ဖြစ်ခဲ့တဲ့ မြန်မာကျောင်းသူလေး

60079327_1029706183904907_2140916789033304064_n.jpg

အီတလီနိုင်ငံ၊ Lido di Jesolo မြို့မှာ မေလ (၁၁) ရက်နဲ့ (၁၂) ရက်တုန်းက ကျင်းပခဲ့တဲ့ 7th International Hippo English Olympiad Competition (Final round) မှာ မြန်မာကျောင်းသူလေး မဆုစန္ဒီဆွေ (PEC Private High School, Pathein) က Hippo 1 – second prize winner အဖြစ် နိုင်ငံအသီးသီးကပြိုင်ပွဲဝင်တွေကိုကျော်ဖြတ်ဆွတ်ခူးနိုင်ခဲ့ပြီး ကျောင်းရဲ့ဂုဏ်နဲ့ မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာအင်္ဂလိပ်စာပြိုင်ပွဲမှာ ဒုတိယဆုရှင်ဖြစ်ခဲ့တဲ့ မြန်မာကျောင်းသူလေး မဆုစန္ဒီဆွေ

HIPPO 7th International English Language Olympiad Competition မှာ နိုင်ငံပေါင်း (၃၅) နိုင်ငံက ပြိုင်ပွဲဝင်ကျောင်းသားများစွာပါဝင်

HIPPO 7th International English Language Olympiad Competition ဟာ နိုင်ငံပေါင်း (၃၅) နိုင်ငံက ပြိုင်ပွဲဝင်ကျောင်းသားများစွာပါဝင်ပြီး Preliminary round မှာ ပြိုင်ပွဲဝင် (၃၆၀၀၀) ယောက်၊ Semi-Final round မှာ ပြိုင်ပွဲဝင်ပေါင်း (၆၁၇၃) ယောက်၊ နောက်ဆုံး Final round မှာ (၁၆၅) ယောက် (Hippo 1 = ၄၆ ယောက်) ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့စာမေးပွဲတစ်ခုဖြစ်ပါတယ်။

Hippo 1 Second Prize Winner ဆုကို ထိုက်တန်စွာရရှိခဲ့ကာ မြန်မာအလံကို ကမ္ဘာ့စင်မြင့်တစ်ခုထက်မှာ ဝံ့ဝံ့ကြွားကြွား လွှင့်ထူပေးနိုင်ခဲ့

Reading, Writing, Listening, Speaking စာမေးပွဲတွေကို အောင်မြင်စွာဖြတ်ကျော်ပြပြီး Hippo 1 Second Prize Winner ဆုကို ထိုက်တန်စွာရရှိခဲ့

အဲဒီလိုစာမေးပွဲမှာ မြန်မာကျောင်းသူလေး မဆုစန္ဒီဆွေက Reading, Writing, Listening, Speaking စာမေးပွဲတွေကို အောင်မြင်စွာဖြတ်ကျော်ပြပြီး Hippo 1 Second Prize Winner ဆုကို ထိုက်တန်စွာရရှိခဲ့ကာ မြန်မာအလံကို ကမ္ဘာ့စင်မြင့်တစ်ခုထက်မှာ ဝံ့ဝံ့ကြွားကြွားလွှင့်ထူပေးနိုင်ခဲ့တာပါ။

Little Hippo to Hippo 5 + Special 1 + 2 category တွေမှာ first / second / third winners အများစုဟာ Europe နိုင်ငံအများစုကဖြစ်ပြီး အာရှနိုင်ငံတွေထဲက Myanmar, Indonesia နဲ့ Mongolia သုံးနိုင်ငံသာ winner အဖြစ်ရရှိခဲ့ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။

Ref: PEC Private High School’s FB
မှတ်တမ်းဓာတ်ပုံ – Dr.Soe Sandar (Principal – UAT Maths)
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top